BEC-TERO TV

MMA တိုက်ခိုက်ရေးသမားကို စိန်ခေါ်ခဲ့တဲ့ တရုတ် ကွန်ဖူးဆရာ

22 Jan 2019     1,582 Views


MMA တိုက်ခိုက်ရေးသမား စူ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အသက် (၅၆)နှစ်အရွယ် ကွန်ဖူးသိုင်းဆရာကြီးတစ်ယောက်ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီ ကြိုးဝိုင်းမှာ ထိုးသတ်ဖို့အတွက် သဘာတူခဲ့ကြပါတယ်။

MMA တိုက်ခိုက်ရေးသမား စူရှိယာဒေါင်ဟာ တရုတ်ကွန်ဖူးဆရာတွေဟာ အတုအယောင် အာပလာတွေလို့ ဝေဖန်ခဲ့သူတစ်ယောက်ပါ။စူဟာ သူပြောသလိုပဲ ပြီးခဲ့တဲ့နှစ်က ကွန်ဖူးဆရာနှစ်ယောက်ကို အလဲထိုးသတ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံတွင်းမှာ အယောင်ဆောင် ကွန်ဖူးသမားတွေ ပပျောက်သွားဖို့ဖြစ်ပါတယ်။

အခုလည်း ကွန်ဖူးဆရာတစ်ယောက်ကို ရဲ့ စိန်ခေါ်မှုကို သူတို့နှစ်ယောက်ပွဲဖြစ်သွားခဲ့ကြပါတယ်။

 

 

တကယ်တမ်း ကြိုးဝိုင်းထဲမှာ ထိုးသတ်ကြချိန်မှာတော့ ကွန်ဖူးသိုင်းဆရာ တန်ယီ ရဲ့ လက်သီးချက်တွေက စူ ကို ဘယ်လိုမှ အခက်တွေ့အောင် မစွမ်းဆောင်နိုင်ခဲ့ပဲ ဒုတိယအချီမှာတင် စူရဲ့ တံတောင်ချက် မိပြီး တန်ယီတစ်ယောက် နှာခေါင်းထဲက သွေးတွေကျလာခဲ့ပြီး အရှုံးပေးခဲရပါတယ်။

ပရိသတ်တွေကတော့ ဒီပြိုင်ပွဲဟာ သိုင်းပညာနဲ့တင်မဟုတ်ပဲ အသက်အရွယ်ကွာခြားမှု၊ ကြံ့ခိုင်မှု စတာတွေနဲ့လည်း သက်ဆိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး စူ ကတော့ ကွန်ဖူးသိုင်းဆရာတွေဆိုတာ ပြည်သူကို လိမ်ညာနေကြသူတွေဖြစ်တယ်လို့ ဆက်လက် သက်သေထူသွားခဲ့ပါတယ်။


22 Jan 2019     1,582 Views




RELATED

Most Popular of Boxing

Most Popular of Sport