BEC-TERO TV

ရင်ခုန်ဖွယ် တုန်ခါမှုပေါင်းစုံနဲ့ တုံ့ပြန်ချက်ကောင်းတွေရရှိထားတဲ့ Cardi B ရဲ့သီချင်းအသစ်

22 Jan 2019     1,316 Views


ဟောလိဝုဒ် အမျိုးသမီးရက်ပ်ပါ Cardi B ဟာဆိုရင်ဒီနှစ်ပိုင်းတွေမှာ အမျိုးသမီး ရက်ပ်ပါတွေထဲမှာထိပ်ရောက်လာသူတစ်ဦးပါ။ ဟောလိဝုဒ်က အမျိုးသမီးရက်ပ်ပါတွေထဲမှာ ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီးထိပ်ရောက်နေတဲ့ သူတွေကတော့ Nicki Minaj ၊ Iggy Azalea နဲ့ Cardi B တို့ပဲဖြစ်ပါတယ်။


အားလုံးထဲမှာမှ အမျိုးသမီး ရက်ပ်ပါအနေနဲ့ သက်တမ်းကြာမြှင့်လှပြီဖြစ်တဲ့ Nicki Minaj နဲ့ Cardi B တို့ဟာမတည့်ကြပါဘူး။ သူတို့နှစ်ယောက်ရဲ့ ပြဿနာဘယ်လောက်ထိ ကြီးခဲ့လဲတော့မသိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် လူမြင်ကွင်းမှာ ရိုက်နှက်တဲ့အထိ ဖြစ်ပျက်ခဲ့ကြပါတယ်။


Cardi ဟာ ၂၀၁၈ အတွင်းမှာလူကြိုက်များကျော်ကြားခဲ့ပါတယ်။ နာမည်ကြီး band တစ်ခုဖြစ်တဲ့ Maroon 5 ရဲ့ Girl like you မှာလဲ featuring အနေနဲ့ ပါဝင်သီဆိုထားပါသေးတယ်။ သူမ Featuring ဆိုထားတဲ့ သီချင်း တွေဆိုရင် မပေါက်တဲ့ သီချင်းကမရှိသလောက်ပါပဲ။


အခုလဲ တက်သစ်စ ရက်ပ်ပါအမျိုးသမီးအဆိုတော်အဖွဲ့ City Girls ရဲ့သီချင်းအသစ်မှာ featuring အနေနဲ့ပါဝင်သီဆိုထားပါတယ်။ သီချင်းနာမည်ကတော့ ‘twerk’ ဖြစ်ပါတယ်။ အားလုံးပဲခံစားနားဆင်ကြည့်လိုက်ပါဦး။



22 Jan 2019     1,316 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS