BEC-TERO TV

သစ်ပင်ပေါ်တက်ပြီး သရက်သီးခူးရာမှ ဓါတ်လိုက်သေဆုံး

28 Jan 2019     1,318 Views


ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က လက်တွန်းလှည်းဖြင့် ပစ္စည်းဟောင်များ လိုက်လံဝယ်ယူသူတစ်ဦး သရက်ပင်ပေါ်တက်ကာ သရက်သီးခူးရာမှ ဓါတ်လိုက် သေဆုံးခဲ့ကြောင်း သိရှိရသည်။
 
 
 
 
ပစ္စည်းဟောင်းလိုက်လံဝယ်ယူသူဟာ ၎င်း၏ အမျိုးသမီးဖြစ်သူနဲ့အတူ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက် ၊ သံသုမာလမ်း၊ မိုးဆွေမှတ်တိုင်အနီးရှိ လူနေထိုင်ခြင်းမရှိသော အိမ်တစ်အိမ်၏ ရှေ့ရှိ သရက်အောက်တွင် ထိုင်၍ ခတ္တအပမ်းဖြေနေစဉ် သရက်ပင်ပေါ်မှ သရက်သီးများကို တွေ့ပြီး တက်ခူးရာမှ ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သွားရောက် ကူညီခဲ့သော လျှပ်စစ်ဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့သည်။
 
 
 
 
 
ဓါတ်လိုက်သေဆုံးမှုဖြစ်ပြီးနောက် အဆိုပါသရက်ပင်အပါအဝင် လျှပ်စစ်ဓါတ်ကြိုးများနဲ့ မလွတ်ကင်းသော အပင်များကို လျှပ်စစ်ဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း ဥက္ကလာသတင်းဌါနမှ သိရှိရသည်။
 

28 Jan 2019     1,318 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS