BEC-TERO TV

စင်ကာပူမှာ ဒုက္ခတွေ့နေတဲ့ ၁၈ နှစ်အရွယ် မြန်မာအိမ်အကူမလေးရဲ့ ရင်နင့်ဖွယ် (ရုပ်သံ)

04 Feb 2019     2,389 Views


အခြေခံလူတန်းစားတွေအတွက် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရတယ်ဆိုတာ ကံကိုယုံပြီး ဆူးပုံနင်းရသလိုပါပဲ၊ အထူးသဖြင့် အိမ်အကူသွားလုပ်ကြတဲ့ မိန်းကလေးတွေ။ အလုပ်ရှင်ကောင်းနဲ့ တွေ့ရတဲ့အခါ စိတ်ချမ်းသာရပြီး စေးနှဲကပ်ခွာ လူမျိုးရေးခွဲခြားတဲ့ အလုပ်ရှင်တွေနဲ့ တွေ့ရတဲ့အခါ အရှင်လတ်လတ် ငရဲခံနေရသလို ဆူးကြားက ဘူးခါးလို နေလို့လည်းအဆင်မပြေ ပြန်လို့လည်းမရတဲ့ ဘဝနဲ့ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ကြရပါတယ်။ ဒီကြားထဲမှာ မထင်ရင်မထင်သလို နှိပ်စက်တတ်တဲ့အိမ်ရှင်မျိုးနဲ့ တွေ့တဲ့အခါ အရှင်လတ်လတ် ငရဲခံနေရသလို ကိုယ်ရော စိတ်ပါ ဒဏ်ရာတွေ ရကြရပါတယ်။
 
သာယာမယ်ထင်ပြီး ရွေးချယ်လိုက်တဲ့ လမ်းတွေက ခယောင်းတောကြီးဖြစ်နေတဲ့အခါ ကူရာကယ်ရာမဲ့ပြီး မခံစားနိုင်တော့တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတဲ့ အဖြစ်ပျက်တွေလည်း မနည်းမနောရှိခဲ့ပါတယ်။ 
ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းက ပျံ့နှံ့ခဲ့တဲ့ရုပ်သံအရ စင်ကာပူနိုင်ငံမှာ အိမ်အကူသွားလုပ်နေတဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေးရဲ့ အဖြစ်ပျက်ကလည်း တစ်ကယ်ကို စိတ်မကောင်းစရာပါ။
 
 
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ထဲက ရွာတစ်ရွာမှာ နေထိုင်တဲ့ မိန်းကလေးဟာ မိသားစု ၆ ယောက်ရှိပြီး အလွန်ဆင်းရဲတဲ့ မိသားစုထဲက အကြီးဆုံးသမီးဖြစ်ပါတယ်။ သူအောက်မှာ ညီမ ၂ ယောက် မောင်လေး ၁ ယောက်ရှိပါတယ်။ 
ဖခင်ဖြစ်သူက လယ်အငှားလုပ် မိခင်ဖြစ်သူက ကြုံရာကျပမ်းလုပ်ရတဲ့အတွက် မောင်နှမတွေအားလုံး ကျောင်းဆက်မနေနိုင်လောက်အောင် ဆင်းရဲပါတယ်။ ဒါကြောင့် ဖြစ်ချင်ရာဖြစ် စင်ကာပူမှာ အိမ်အကူအလုပ် လုပ်ကိုင်ဖို့ ဆုံးဖြတ်ပြီး အေးဂျင့်နဲ့ ရန်ကုန်တက်လာခဲ့ပါတယ်။ ရန်ကုန်မှာ စင်ကာပူအလုပ်ကို စောင့်နေရင်း ၂ လလောက် ကြာတဲ့အခါ အိန္ဒိယလူမျိုး အိမ်ရှင်က ခေါ်တဲ့အလုပ်တစ်ခု ပေါ်လာပါတယ်။
 
မိသားစုကလည်းအဆင်မပြေ အလုပ်စောင့်နေတာလည်း ကြာပြီဆိုတော့ အလုပ်ရှင်ကို မရွေးနိုင်တော့ပဲ အလုပ်လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ စင်ကာပူရောက်လာတဲ့အခါ အိန္ဒိယ အလုပ်ရှင် မ်သားစုက နေ့စဉ် စိတ်တိုင်းမကျတိုင်း နှိပ်စက်မှုတွေလုပ်လာပြီး အစားအသောက်လည်း လုံလောက်အောင် မကျွေးဘူးလို့ ဆိုပါတယ်။ သူမကိုယ်တိုင် ပြောထားတာကို ရုပ်သံမှာ ဆက်လက် ကြည့်ရှုပါဦး။
 
 
 
အဆိုပါ ရုပ်သံပျံ့နှံ့ခဲ့ပြီး စင်ကာပူနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းရဲ့ အကူအညီနဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာတော့ စင်ကာပူရဲနဲ့ သက်ဆိုင်ရာအဖွဲ့ ရောက်ရှိလာပြီး လူစွမ်းအားရင်းမြစ် MOM ရုံးကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
နိုင်ငံခြားရောက် ရွှေမြန်မာများ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ..။
 
သတင်းရုပ်သံ - သော်တာ
 

04 Feb 2019     2,389 Views




RELATED

Most Popular of Special or Others

Most Popular of NEWS