BEC-TERO TV

စပါးအသင်း၏ အဓိကတိုက်စစ်မှူး ဟာရီကိန်း ပြန်လာပီ

05 Feb 2019     1,302 Views


စပါးအသင်း၏ အဓိကတိုက်စစ်မှူး ဟာရီကိန်း ဒူးဒဏ်ရာကနေ သက်သာလာပြီး မကြာမီ ပြန်လည်ကစားနိုင်တော့မယ်လိုသိရပါတယ်။ပုံမှန်ဆို သူဒဏ်ရာဟာ မတ်လလောက်အထိ အနားယူရမှာဖြစ်ပေမဲ့ စောပြီးပြန်လာနိုင်တာ ဖြစ်ပါတယ်။ ဟာရီကိန်းဟာ မန်ယူအသင်းကို ၁-၀ ဖြင့်ရှုံးနိမ်ခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒဏ်ရာကတော့အတော် သက်သာနေပါပြီး ကြံခိုင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီး နောက်အပါတ်လောက်မှာ ကစားနိုင်လောက်ပါတယ်“ လို့ပြောပါတယ်။

ဟာရီကိန်းဟာ လက်စတာနဲ့  ကစားမယ့် ပွဲစဉ်မှာ ပါဝင်သေးဦးမှာမဟုတ်ဘဲ ပိုမိုကြံခိုင်မှုကောင်းအောင်  ဒေါ့မွန်အသင်းနှင့် ကန်မယ့် ချန်ပီယံလိဂ် ပွဲစဉ်မှသာ ပါဝင်မယ်လိုလည်းသိရပါတယ်။

စပါးအသင်းဟာ လက်ရှိအမှတ်ပေးဇယား အဆင့် ၃ နေရာမှရပ်တည်နေပြီး လာမည့်အပါတ်မှာ လက်စတာ အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

Ref ; thesun


 


 

 

 


05 Feb 2019     1,302 Views




RELATED

Most Popular of Football

Most Popular of Sport