BEC-TERO TV

မန်ချက်စတာ ယူနိုက်တတ်အသင်း သမိုင်းမှာ မေ့မရတဲ့ မြူးနစ်လေယာဉ်ပျက်ကျမှု

06 Feb 2019     1,425 Views


၁၉၅၈ ခုနှစ် ဖေဖ်ာဝါရီလ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မြူးနစ်လေယာဉ်ပျက်ကျမှုဟာ မန်ချက်စတာယူနိက်တတ် အသင်းရဲ့ သမိုင်းကြောင်းမှာ လုံးဝမေ့ပျောက်လို့မရတဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ ခဲ့တဲ့နေ့ဖြစ်ပါတယ်။

အဲနေ့က မန်ချက်စတာ ယူနိုက်တတ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် ယူဂိုဆလားဗီးယား ကလပ် ရက်စတား အသင်းရဲ့ ကွင်းကိုသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အပြန်မှာ  နှင်းတွေထူထပ်စွာ ကျရောက်ခဲ့မှု နဲ့ အင်ဂျင်အေးခဲမှုတွေ ကြောင့် လေယာဉ်ပျံ ဟာ လေယာဉ်ပြေးလမ်းချော်ပြီး တိမ်းမှောက်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအဖြစ်အပျက်မှ လေယာဉ်မှာ လိုက်ပါခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တတ်အသင်းမှ ကစားသမား ၈ ဦးအထိသေဆုံးခဲ့ရပါတယ်။ ယူနိုက်တတ်ကစားသမားတွေ အပါအဝင် အသင်းဝန်ထမ်းများ၊ သတင်းထောက်တွေနဲ့ စုစုပေါင်း အယောက် ၂၀ ကျော်သေဆုံးခဲ့ပါတယ်။

ဂျာနယ်လစ်အဖြစ်လုပ်ကိုင်နေတဲ့ မန်စီးတီး ဂိုးသမာ ဖရန့်ဆွစ်ဖ် ကတော့ ဆေးရုံကို ပို့ဆောင်နေစဉ်မှာ ကွယ်လွန်ခဲ့ ပါတယ် ။ ယူနိုက်တတ် အသင်းရဲ့ နောက်ခံလူ ဒန်ကန် အက်ဒွပ် နှင့် တွဲဖက်လေယာဉ်မှုး ကန်ရေးမန့် တို့လည်း ဆေးရုံမှာ သေးဆုံးခဲ့တာကြောင့် လေယာဉ် ပျက်ကျမှု ကနေ သေဆုံးသူ ၂၃ ဦး အထိ ဖြစ်သွားခဲ့ရ ပါတယ် ။

အဲဒီအချိန်က မန်ချက်စတာယူနိက်တတ်အသင်းဟာ ဥရောပမှာ အင်အားကြီးအသင်းတစ်သင်းအဖြစ် ဦးမော့ နေခဲ့တာဖြစ်ပါတယ်။ နည်းပြကြီး ဘတ်စ်ဘီ ရဲ့ ကစားသမားတွေဟာလည်း “Busby Babes” ဆိုတဲ့ ချစ်စနိုး အမည် ရရှိထားတဲ့အထိ နာမည်ကျော်နေချိန်ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တတ် အသင်းဟာ မြုးနစ်လေဆိပ် က အဖြစ်ဆိုးကို ယနေ့တိုင် အောက်မေ့ သတိရ လွမ်းဆွတ်တဲ့ အနေနဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်ပွဲတွေ နှစ်စဉ်ပြုလုပ်ပေးခဲ့ ပါတယ် ။ ယနေ့ ကတော့ မြူးနစ် လေဆိပ်က ဖြစ်ရပ်ဆိုးကြီးရဲ့ ၆၁ နှစ်ပြည့်မြောက် ခဲ့တဲ့ နေ့ပဲဖြစ်ပါတယ် ။

ယူနိုက်တတ် အတွက် တိုက်ပွဲဝင်ရင်း အသက်ဝိဉာဉ်တွေ စွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ကစားသမားတွေဟာ အိုးထရက်ဖိုဒ့် ကွင်းကြီး ၊ မန်ချက်စတာ မြို့ကြီး နဲ့ ယူနိုက်တတ် ပရိသတ်တွေရဲ့ နှလုံးသားတွေ ထဲမှာ သက်ထက်ဆုံးအထိ အောက်မေ့ ကြေကွဲ ဝမ်းနည်းဖွယ်အဖြစ်အပျက်တစ်ခုအဖြစ်နေမှာ အမှန်ပါပဲ ။

 


06 Feb 2019     1,425 Views




RELATED

Most Popular of Football

Most Popular of Sport