BEC-TERO TV

မန်ယူ အသင်းအတွက် အမြဲတမ်းနည်းပြရာထူးအတွက် အကြံပေးသွားတဲ့ ရွန်းနီ

06 Feb 2019     1,357 Views


မန်ချက်စတာယူနိုက်တတ် ကပ္ပတိန်ဟောင်း ဝိန်းရွန်းနီဟာ မန်ချက်စတာယူနိုက်တတ်အသင်းမှာ ကစားခွင့်မရှိတော့ပေမဲ့ အသင်းရဲ့ သတင်းကိုနားစွင့်လျှက်ရှိပြီး အသင်းရဲ့ အမြဲတမ်းနည်းပြအတွက်ထိုက်တန်သူကို အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တတ်အသင်းဟာ အမြဲတမ်းနည်းပြအတွက် ရာသီကုန်မှာ ခန့်အပ်မှာဖြစ်ပါတယ်။ ယူနိုက်တတ်ဟာ ယာယီအသင်းနည်းပြ ဆိုရှားလက်ထပ်မှာ ရလဒ်ကောင်းတွေ ရယူထားနိုင်ပေမဲ့ အမြဲတမ်းနည်းပြ အဖြစ်ခန်အပ် ဖို့လည်းမသေချာသေးပါဘူး။

ကပ္ပတိန်းဟောင်း ရွန်းနီကတော့ လက်ရှိနည်းပြဆိုရှားကို ထောက်ခံထားပြီး ရာသီကုန်မှာ ဆိုးရှားမဟုတ်ပါက စပါးနည်းပြ ပိုချက်တီနိုသာဖြစ်သင့်ပါတယ် လို့ပြောကြားသွားခဲ့ပါတယ်။

ပိုချက်တီနိုဟာ စပါးအသင်းကို လူငယ်ကကစားသမားတွေနဲ့ အကောင်းဆုံး တည်ဆောက်ပြထားနိုင်သလို ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၃ နေရာမှ ရပ်တည်ထားနိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဝိန်း ရွန်းနီ ဟာ လက်ရှိမှာ မေဂျာလိဂ်ကလပ် DC United မှာကစားနေတာဖြစ်ပြီး ၁၂ ဂိုးသွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၆ ကြိမ်အထိ စွမ်းဆောင်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။


06 Feb 2019     1,357 Views




RELATED

Most Popular of Football

Most Popular of Sport