BEC-TERO TV

မြန်မာလက်နက်ကိုင် အဖွဲ့အစည်း ၄ ခုအကောင့်များကို Facebook ပိတ်ပစ်

07 Feb 2019     1,286 Views


လူမျိုးရေးတင်းမာမှုများနဲ့ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ရန်အလို့ငှာ အသုံးပြုသည့်အတွက် Facebook က မြန်မာလက်နက်ကိုင် အဖွဲ့အစည်း ၄ ခုရဲ့ အကောင့်များကို ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
 
ပိတ်ပစ်ခံရတဲ့ အကောင့်တွေကတော့ အာရကန်တပ်မတော် (AA)၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု (MNDAA)၊ ကချင်တပ်မတော် (KIO) နဲ့ တအန်းအမျိုးသား လွပ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ကြောင်း Facebook က ထုတ်ပြန်ကြေညာခဲ့သည်။
 
 
ယခုလို ပိတ်ပစ်လိုက်တာနဲ့ပက်သက်ပြီး Facebook က ဖော်ပြပါအတိုင်း ကြေညာချက်မှာ ရှင်းလင်းဖော်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေအတွက် ဒီအဖွဲ့အစည်းတွေမှာ တာဝန်ရှိကြောင့် သက်သေအခိုင်အလုံ ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို အသုံးချပြီး အခုလိုပြဿနာတွေ လက်တွေ့မှာ ထပ်မံမပေါ်ပေါက်စေဖို့ ကာကွယ်လိုက်တာဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးစုပြဿနာတွေဟာ အလွန်ရှုပ်ထွေးလွန်းတဲ့အတွက် ကျွန်တော်တို့ လူမှုကွန်ယက်မီဒီယာ ကုမ္ပဏီအနေနဲ့ ဖြေရှင်းနိုင်ရန် မစွမ်းပါဘူး သို့သော်ငြားလည်း လက်ရှိမှာ ဖြစ်ပြီးခဲ့တဲ့ အမုန်းတရားတွေကြောင့် လူတွေသေရတာမျိုး အနာဂတ်မှာ အကန့်အသတ် တစ်ခု ဖြစ်စေဖို့ ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။
 
 
လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် အရပ်သားများအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများ နယ်စပ်တွေမှာ ဖြစ်ပွားခဲ့ပြီးနောက် Facebook က မြန်မာနိုင်ငံအတွက် လုံခြုံရေးတိုးမြှင့်ထားတဲ့ လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်မှာဖြစ်သလို မြန်မာဘာသာစကား ဘာသာပြန် ဝန်ထမ်း အယောက် ၁၀၀ နဲ့ အဖွဲ့တစ်ခု တို့မြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရသည်။
 

07 Feb 2019     1,286 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS