BEC-TERO TV

အိမ်ကွင်းမှာ သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရတဲ့ ဘာစီလိုနာ

07 Feb 2019     1,287 Views


မနေ့ကကစားခဲ့တဲ့ စပိန်ဘုရင်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့မှာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ အိမ်ကွင်း နူးကမ့် မှာ ကစားခဲရပေမဲ့လည်း အကောင်းဆုံး အခွင့်အရေးမယူနိုင်ခဲ့ဘဲ သရေရလဒ်နဲ့ သာကျေနပ်ခဲရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ အသင်းရဲ့ အဓိက ကစားသမား မက်စီ မပါဝင်တာကလွဲပြီး ကစားသမားအစုံအလင်နဲ့ပွဲထွက်လာခဲ့ပါတယ်။ ရီးရဲလ်မက်ထရစ်အသင်းကလည်း ဂါရက်ဘေးလ် အပါဝင်ခဲ့ပေမဲ့လည်း တောင့်တင်းတဲ့ လူစာရင်းနဲ့ ဘာစီလိုနာကို ယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။ပွဲစဉ်အစ ၆ မိနစ်မှာတင် ရီးရဲလ်မက်ထရစ်အတွက် ဦးဆောင်ဂိုးကို ဘန်ဇီးမား ရဲ့ ပေးပိုမှုမှတဆင့် လူးကပ်ဗက်ကွက် က ပိတ်သွင်းယူပေးခဲ့တာပါ။

မက်စီ မပါဝင်တဲ့ ဘာစီလိုနာဟာ အသင်းရဲ့ ကစားပုံ ဟာ သိသိသာသာ အာနည်းစေခဲ့ပါတယ်။ မယ်ကွန်ဟာ ဂိုးသမာနဲ့ တစ်ဦးချင်းအတွေ့ မှာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းအတွက် နစ်နာစေခဲ့ပါတယ်။ ဘာစီလိုနာအသင်းအတွက်ချေပဂိုးကို မယ်ကွန်က  ဒုတိယပိုင်း ၅၇ မိနစ်မှာ  သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်းမှာ မက်စီကိုထည့်သွင်းပြီး တိုက်စစ်အင်းအားမြှင့်တင်ခဲ့ပေမဲ့ ဂိုးမရှိခဲ့ဘဲ ၁-၁ ဖြင့်သာ ပြီးဆုံးစေခဲ့ပါတယ်။ဒုတိယအကျော့ကိုတော့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ရီးရဲလ်အသင်း၏ ဘာနေဗျူးကွင်းမှာ  ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

မနေ့က ဘုရင့်ဖလားဆီးမီးဖိုင်နယ်ပထမအကျော့အဖြစ် ရီးယဲယ်မက်ဒရစ်နဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေကိုပြန်လည်စွဲဆောင်နိုင်ခဲ့ပြီး နူးကမ့်ကွင်းထဲ လာရောက်ကြည့်ရူတဲ့ပရိသတ် (၉၂၀၀၈)ဦးထိရှိခဲ့ပါတယ်လို့ သိရပါတယ်။ ယခုနှစ်ရဲ့ကွင်းအတွင်း ပရိသတ်အများဆုံးလာရောက်ကြည့်တဲ့ပွဲစဉ်က ရီးယဲယ်မက်ဒရစ်နဲ့ လာလီဂါပထမအကျော့မှာဖြစ်ပြီး (၉၃၂၇၆)ဦးထိဝင်ရောက်ကြည့်ရူခဲ့ပါတယ်။

 


07 Feb 2019     1,287 Views




RELATED

Most Popular of Football

Most Popular of Sport