BEC-TERO TV

ငွေကျပ်သိန်းပေါင်း ၃ သောင်းကျော် လိမ်လည်ထွက်ပြေးသူ “တော်ကီ” ကို ဖမ်းဆီးရမိ

07 Feb 2019     1,315 Views


“တော်ကီ” ဆိုတဲ့ နာမည်နဲ့ လိုက်အောင် ငွေကျပ်သိန်းပေါင်း (၃၄၅၀၀) အား လိမ်လည်ရယူ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ တရားခံ မျိုးဇော်ကို(ခ)တော်ကီ အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီ ၃ ရက်နေ့က ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 
လားရှိုးမြို့မရဲစခန်းတွင် (ပ) ၁၀/၂၀၁၉၊ (ပ)၁၂/၂၀၁၉၊ (ပ)၁၃/၂၀၁၉ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၁၁၄ အမှုဖြင့် အမှုဖွင့်ထားသော တရားခံ မျိုးဇော်ကို(ခ)တော်ကီ သည် ငွေကျပ် သိန်း (၃၄၅၀၀)ကျော်အား လိမ်လည်ရယူကာ တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသဖြင့် လားရှိုးမြို့မရဲစခန်းနှင့် နယ်ထိန်းခေါင်းဆောင်တို့မှ အကူညီ တောင်းခံချက်အရ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် BCATIP အဖွဲ့ဝင် မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူးနှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်နေ့က တရားခံသည် မယ်ဆိုင်မြို့တွင် ညအိပ်ခဲ့ပြီး ဘန်ကောက်မြို့ သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းအတည်ပြုရရှိခဲ့သည်။
 
 
ထိုဗကြာင့် မယ်ဆိုင်မြို့ ခရိုင်လဝကမှူး၏ ပံ့ပိုးကူညီမှုဖြင့် ဘန်ကောက်မြို့ RTP ရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် တရားခံ မျိုးဇော်ထက် (ခ) တော်ကီ နေထိုင်သည့် လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး ယင်းနေ့ ဒေသစံတော်ချိန် ည ၇း၄၈ အချိန်တွင် တရားခံအား ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 
 
အဆိုပါငွေကြေးလိမ်လည်မှုတရားခံအား ဖေဖေါ်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ခန်းမသို့ ထိုင်းနိုင်ငံတာဝန်ရှိသူများမှ လာရောက်လွှဲပြောင်းပေးအပ်ရာ ယင်းလွှဲပြောင်းပေးအပ်ပွဲသို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ BCATIP အဖွဲ့ တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းနိုင်ငံ BCATIP အဖွဲ့ဝင် ချင်းရိုင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်မှူး Pol.Col Aekkorn Butsababodin Superinterdent မှ တရားခံအား လွှဲပြောင်းပေးအပ်ရာ တာချီလိတ်ခရိင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်း ဦးဆောင်သည့် မြန်မာ BCATIP အဖွဲ့မှ လက်ခံခဲ့ကြောင်းသိရသည်။
 
သတင်း - မောင်ယဉ်ကျေး
ဓါတ်ပုံ - လူကုန်တားရဲတပ်ဖွဲ့
 

07 Feb 2019     1,315 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS