BEC-TERO TV

အိမ်သာတက်ချိန် ၃ မိနစ်ထက် ပိုကြာပါက “အူကင်ဆာ” ဖြစ်နိုင်ခြေမြင့်မား

07 Feb 2019     1,970 Views


ဆီးသွားသည်ဖြစ်စေ၊ အလေးသွားသည်ဖြစ်စေ အိမ်သာ အသုံးပြုချိန် ၂ မိနစ်ကနေ ၃ မိနစ်ခန့်ထိသာ ရှိသင့်ပြီး အချိန်ကြာကြာအသုံးပြုပါက “အူကင်ဆာ” ဖြစ်နိုင်ကြောင်း ဆေးသိပ္ပံပညာ သတိပေးပြောကြားလိုက်သည်။
 
 
အိမ်သာတက်ချိန်မှာ စအိုလမ်းကြောင်း ပွင့်နေတဲ့အတွက် အတွင်းအူများက ထွက်မကျလာအောင် သဘာဝအတိုင်း ၁၀ ကီလိုခန့် အလေးချိန်ရှိတဲ့ ခန္ဓာကိုယ်ဝိတ်ဖိတာကို တောင့်ခံကြရပါတယ်။ အိမ်သာတက်ရင်း သတင်းစာဖတ်တာ၊ ဖုန်းအသုံးပြုနေတာ၊ ဆေးလိပ်သောက်နေတာတွေကြောင့် အိမ်သာအိုးပေါ် ထိုင်တဲ့အချိန် လိုသည်ထက် ပိုကြာတတ်ကြပါတယ်၊ ဒီလို အချိန်ကြာတာနှင့်အမျှ အတွင်းအူတွေအတွက် ဆိုးကျိုးတွေ ဖြစ်လာပါတယ်။
 
နောက်ထပ်ပြဿနာတစ်ခုအနေနဲ့ အိမ်သာမှာ ၁၅ မိနစ်ကျော် ထိုင်မိတာနဲ့ တင်ပဆုံရိုးအတွင်း သွေးပြန်ကြောလှည့်ပတ်မှုကို အတားအဆီးဖြစ်စေ သွေးဥတွေ ကျယ်လာစေတဲ့အပြင် လိပ်ခေါင်းဖြစ်စေနိုင်ပါတယ်။
 
အိမ်သာအိုးမှာကြာကြာထိုင်ပြီး ဖင်အရွေ့အပြောင်း လုပ်ခြင်းကြောင့် စအိုလမ်းကြောင်းမှာ အလေးအပေါ့စွန်ချင်စိတ် (လှုံဆော်မှု)ကို ပျောက်ပျက်စေနိုင်ပါတယ်။ အဲဒီလိုကနေတစ်ဆင့် တစ်ဖြည်းဖြည်း ဝမ်းချုပ်လာပြီး အူကင်ဆာ ဖြစ်လာနိုင်တဲ့ထိ ဖြစ်တတ်ပါတယ်။
 
ဒါကြောင့်မို့ ကျွမ်းကျင်သူတွေကတော့ အိမ်သာအသုံးပြုချိန်ကို ၃ မိနစ်လောက်ထိပဲ ရှိစေချင်ပြီး အိမ်သာတက်တဲ့အခါ အာရုံပြောင်းလဲစေပြီး အချိန်ကြာစေမယ့် ဖုန်း၊ သတင်းစာ၊ စာအုပ် စတာတွေကို မယူသွားသင့်ကြောင်း အကြံပြုထားပါတယ်။
 
 
ဒါပေမယ့် ယနေ့ခေတ်လူတွေဟာ စမတ်ဖုန်းတွေကြောင့် အိမ်သာအသုံးပြုချိန် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ထိ ကြာတတ်တဲ့အတွက် စအိုလမ်းကြောင်း အလုပ်လုပ်မှုကို ဝန်ပိစေပြီး အူကျွံကျလာတဲ့ ဝေဒနာခံစားရတဲ့ လူနာများရှိနေကြောင်း သတိပေးထားပါတယ်။
 
(ပိုပိုလေး)
 

07 Feb 2019     1,970 Views




RELATED

Most Popular of Health Fix

Most Popular of Life Style