BEC-TERO TV

Social စွဲလမ်းခြင်းကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးများ

08 Feb 2019     1,396 Views


တစ်နေ့တစ်နေ့ လူတော်တော် များများ ဟာ တယ်လီဖုန်းတွေမှာ အချိန်တော်တော် များများ အချိန်ကုန် နေကြပါတယ်။ တယ်လီဖုန်းတွေကနေ ကောင်းကျိုးများစွာရှိသော်လည်း ကျန်းမာရေးနဲ့ ပါတ်သတ်လာရင် ဆိုးကျိုးများစွာတွေ့ ရပါတယ်။ တယ်လီဖုန်းကို အသုံးပြုတာ များလာခြင်းကြောင့် အချိန်များစွာပေးရပြီး လုပ်ရမဲ့ အလုပ်တွေမပြီးမြောက်ဘဲ စိတ်ဖိစီးမှုနဲ့ စိတ်သောက ရောက်စရာတွေ ဖြစ်လာပြီး စိတ်ကျရောဂါ ဖြစ်စေနိုင်တယ် လို့ကျန်းမာရေး သုတေသန တစ်ခုကဖော်ပြထားပါတယ်။ 

ဆိုရှယ်မှာအလွန့်အကျွံသုံးစွဲခြင်းကြောင့် အာရုံစူးစိုက်မှုနည်းပါလာခြင်း၊ ကင်ဆာရောဂါဖြစ်ပွားစေခြင်း ၊ 
ကိုယ်ခန္ဓာဖွုံဖြိုးမှု နှေးကွေးခြင်းတို့ဖြစ်စေနိုင်ပါတယ်။ အင်တာနက်ဟာ ရွာကြီးတစ်ရွာ ဖြစ်လာတော့ ဖုန်းပေါ်မှတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်တယ် ၊ ဓါတ်ပုံ ၊ ဗီဒီယို တွေကို အလွယ်တကူ ကြည့်ရူနိုင်တယ် ၊ ချက်တင် ထိုင်မယ် ၊ နောက်ဆုံး အချိန်နဲ့တပြေးညီ သတင်းအချက်အလတ် တွေကို သိရှိနိုင်တာကြောင့် အင်တာနက် သုံးစွဲနေရတာကို နှစ်ခြိုက်နေကြတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ မနက်လင်းလာရင် အင်တာနက်ဖွင့် ဖေ့စ်ဘုတ်သုံးတတ်ကြခြင်းဟာ  အလ့အထ တစ်ခုလို ဖြစ်နေကြပါတယ်။ ဆယ်မိနစ် တစ်ခါ ၊ ဆယ်ငါးမိနစ် တစ်ခါလောက် ဖွင့် ၊ နောက်ဆုံး အိမ်သာထဲ့ ရောက်ရင်တောင်မှ ဖုန်းကိုယူသွားကြတဲ့အထိ အစွဲအလမ်းကြီး ဖြစ်နေကြပါတယ် ၊ ဒါတွေဟာ ကျန်းမာရေးအရ လုံးဝ မကောင်းပါဘူး၊ ကမ္ဘာ့ ကျန်မားရေး (WHO) ကလည်း တယ်လီဖုန်းအလွင့်အကျွံ သုံးစွဲမှုကို တားမြစ်ထားပါတယ်။ 

ယေဘုယ အားဖြင့် အင်တာနက်သုံးစွဲသူ အသက် ၁၈ နှစ်မှ ၄၄ နှစ် အတွင်း တယ်လီဖုန်းမှ ဆိုရှယ်ကို တစ်နေ့မှာ အချိန် ၂ နာရီခန့်သုံးစွဲကြပါတယ်။ ၈၀ ရာခိုင်နှုန်းခန့်က ၁၅ မိနစ်တစ်ခါ မိနစ် ၃၀ တစ်ခါ  တယ်လီဖုန်းမှ ဆိုရှယ် ကို သုံးစွဲကြပါတယ်။ လူငယ်အများစုအတွက် ဆိုရှယ်စွဲလန်းမှုပြသာနာ က ကျန်းမာရေးအတွက် အနုတ်လက္ခဏာ ဆောင်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးစောင့်ကြည့် သုတေသီများက လူငယ်များ ဆိုရှယ် အသုံးစွဲမှုအပေါ် စိုးရိမ်လာကြပြီး လူကြီးမိဘတို့၏ စကားတို့၏ ပြောစကားကို နားထောင်မှုအားနည်းလားခြင်း ၊ ဒေါသအထွက်မြန်ခြင်း ၊ ဆိုရှယ် အပေါ်မှာ အချိန်ကုန်ပြီး အလုပ်များ မပြီးသတ်ဘဲ Stress များလာခြင်း ၊ ထို့နောက် Depression ဝင်လာကြပြီး လူငယ်များ မိမိကိုယ့်ကို သတ်သေတဲ့အထိ ဖြစ်စေနိုင်တယ် လို့ဆိုပါတယ် ။


08 Feb 2019     1,396 Views




RELATED

Most Popular of Special or Others

Most Popular of NEWS