BEC-TERO TV

“သီဂီရီဟ” သို့မဟုတ် ကမ္ဘာ့အံ့ချီးဖွယ် တောင်ထိပ်ပေါ်က နိဗ္ဗာန်နန်းတော်

08 Feb 2019     1,743 Views


"သီဂီရီဟ" ကြီးမားသောခြင်္သေ့မင်းလို့ အဓိပ္ပါယ်ရတဲ့ နေရာလေးဟာ သီရိလင်္ကာနိုင်ငံရဲ့ တန်ဖိုးအထားဆုံး ရှေးဟောင်းသဘာဝ ကျောက်တောင်ကြီးဖြစ်ပါတယ်။ ကမ္ဘာ့အံ့ဖွယ်များထဲမှ နံပါတ် ၈ နေရာဖြစ်တဲ့ ကျောက်တောင်ကြီးဟာ ရှေးနှစ်ပေါင်းများစွာက မီးတောင်ကြီးတစ်ခုဖြစ်ခဲ့ဖူးပြီး ကျောက်ရည်ပူတွေ ပန်းထွက်ရာကနေ တောင်ပေါ်မှာ ကျောက်ဖျာကြီးတစ်ချပ်လို ညီညာပြန့်ပြူးစွာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
 
 
သီရိလင်္ကာရဲ့ ရှေးဟောင်းမှတ်တမ်းတွေအရ ဒီကျောက်ဖျာကြီးပေါ်မှာ ဘုရင်ကြီး “ကတ်စ်ရာပါ” က နန်းတော်ကြီး တည်ဆောက်ပြီး ဒမ်ဘူလ နဲ့ ဟာဘာရာနီမြို့တို့ကို အုပ်ချုပ်မင်းလုပ်ခဲ့ပါတယ်။ ကျောက်ဖျာကြီးဟာ ပင်လယ်ရေအထက် ၃၇၀ မီတာအမြင့်ရှိပြီး ပတ်ပတ်လည်က တောတောင်တွေရဲ့ မီတာ ၂၀၀ အထက်မှာ ဖြစ်တည်နေပါတယ်။ ကျေက်တောင်ပေါ်က ကြည့်လိုက်ရင် သာယာလှပတဲ့ တောတောင်သဘာဝအလှနဲ့ နန်းတော်ရာဟောင်းနေရာတွေကိုပါ မြင်တွေ့နိုင်ပါတယ်။ 
 
 
ပင်မဝင်ပေါက်ဟာ ကျောက်တောင်ကြီးရဲ့ မြောက်ဘက်မှာတည်ရှိပြီး ထုတည်ကြီးမားလှတဲ့ ဧရာမခြင်္သေ့ရုပ်ကြီးထိုင်နေတဲ့ ပုံစံတည်ဆောက်ထားပါတယ်။ ဒီခြင်္သေ့ရုပိကြီးကို တင်စားပြီး “သီဂီရီဟ” လို့ အမည်တွင်စေခဲ့တာဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ခြင်္သေ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းအားလုံး ပျက်ဆီးနေပြီး ရှေ့ခြေထောက် ခြေသည်းများကိုသာ ဝင်ပေါက်ဝမှာ တွေ့ရမှာဖြစ်ပါတယ်။
 
 
ဘီစီ ၃ ရာစုလောက်တုန်းက အဆိုပါကျောက်တောင်ကြီးဟာ ဘုန်းတော်ကြီးကျောင်း နေရာအဖြစ် အသုံးပြုခဲ့ပြီး ဘီစီ ၅ ရာစု အလယ်လောက်မှာတော့ ဘုရင်ကြီး “ကတ်စ်ရာပါ” က နန်းတော်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 
ဘုရင်ကြီး နတ်ရွာစံတဲ့အခါမှာ နန်းတော်ကြီးကနေ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တဖန်ပြန်ဖြစ်ခဲ့ပြီး ၁၄ ရာစုလောက်မှာတော့ ဘယ်သူမှမနေတော့ပဲ စွန့်ပစ်ခံနေရာတစ်ခုအဖြစ် ကာလကြာရှည်စွာ ရှိနေခဲ့တာဖြစ်ပါတယ်။
 
 
ကျောက်တောင်ကြီးမှာ နံရံဆေးရေးပန်းချီလက်ရာတွေ တွေ့ရပြီး ဆေးရေးလက်ရာ ၁၈ ခုကတော့ ယနေ့တိုင် အကောင်းအတိုင်း ကျန်နေဆဲဖြစ်ပါတယ်။ ဆေးရေးပန်းချီပုံတွေထဲမှာ အဝတ်ဗလာနဲ့ အမျိုးသမီးပုံတွေ တွေ့ရပြီး ဒီပုံတွေဟာ ဘုရင်ကြီးရဲ့ မိဖုရားတွေ ဒါမှမဟုတ် အဲဒီခေတ် ဘာသာရေးဆိုင်ရာ နတ်ဘုရားပုံတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
 
 
တောင်ပေါ်မှာတော့ ရေတွင်းရေကန် နန်းတော်ယာတွေနဲ့ သာယာလှပတဲ့ သမိုင်းဝင်နေရာဟောင်းတစ်ခုအဖြစ် တွေ့မြင်ရပါတယ်။ “သီဂီရီဟ” တောင်ကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားတွေ ထောင်နဲ့ချီလာရောက်လည်ပတ်လျှက်ရှိပြီး သီရိလင်္ကာနိုင်ငံရဲ့ အထင်ကရ တောင်ထိပ်ပေါ်က နိဗ္ဗာန်နန်းတော်လေး တစ်ခုအဖြစ် ယနေ့တိုင် ကျော်ကြားဆဲဖြစ်ပါတယ်။
 
 
(ပိုပိုလေး)

08 Feb 2019     1,743 Views




RELATED

Most Popular of Special or Others

Most Popular of Life Style