BEC-TERO TV

(၆၁) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကိုတက်ရောက်ရတဲ့အတွက် BTS အဖွဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြား

11 Feb 2019     1,284 Views


တောင်ကိုးရီးယားနိုင်ငံ လူငယ်အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ အမေရိကန်နိုင်ငံ၊ LA မှာကျင်းပပြုလုပ်တဲ့ ဂရမ်မီ ဆုပေးပွဲကြီးမှာ Presenter အနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

BTS အဖွဲ့ဟာဆိုရင် ပထမဦးဆုံး အနေနဲ့ ဂရမ်မီဆုပေးပွဲကြီးကိုတက်ရောက်ဖူးတာဖြစ် ပါတယ်။ သူတို့အနေနဲ့ ဒီလို ကြီးကျယ်ခမ်းနားလှတဲ့ ဂရမ်မီဆုပေးပွဲကြီးမှာ Presenter အနေနဲ့ ဖိတ်ကြားခြင်းခံရတာ ဝမ်းမြောက်ဂုဏ်ယူနေကြတာတွေ့ရမှာပါ။

BTS အဖွဲ့ဟာ ဒီနှစ်တွေအတွင်းမှာ အရှေ့အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြား လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။ သူတို့ ဒီလို အောင်မြင်လာရတာကလဲ သူတို့အပေါ် သစ္စာမပျက်အားပေးနေတဲ့ Army တွေကြောင့် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

BTS အတွက် Army တွေက ဂုဏ်ယူရသလို၊ Army တွေအတွက်လဲ BTS ကဂုဏ်ယူရကြောင်း ပြောကြားလာပါတယ်။

BTS ဟာ ဂရမ်မီဆုပေးပွဲကြီးရဲ့ အင်တာဗျူးတစ်ခုမှာ လတ်တလော အယ်လ်ဘမ်အသစ်အတွက် ကြိုးစားအားထုတ်နေကြောင်း ပြောကြားထားတာကို တွေ့ရမှာပါ။ ပရိတ်သတ်ကြီးရေ BTS အဖွဲ့ ဒီလိုအောင်မြင်လာတာ ဝမ်းသာကြည်နူးဖွယ်ကောင်းတယ်လို့ မထင်မိဘူးလား။ ဂရမ်မီဆုပေးပွဲရဲ့ အင်တာဗျူးတစ်ခုမှာ BTS ဖြေကြားသွားတဲ့ မေးခွန်းလေးတွေကိုကြည့်ရှုခံစားကြည့်လိုက်ကြပါဦး။


11 Feb 2019     1,284 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS