BEC-TERO TV

၆ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ချလ်ဆီးနည်းပြ ဆာရီ၏ ပရိုမပီသသည့်  လုပ်ရပ်

11 Feb 2019     1,341 Views


မနေ့က ချလ်ဆီးအသင်းဟာ မန်စီးတီးအသင်းကို ၆ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲပြီးနောက် ချလ်ဆီးနည်းပြ ဆာရီက ဂွာဒီယိုလာကို လက်တွဲနှုတ်ဆက်မပြုဘဲ ဝတ္တရားမဲ့ ရှောင်သွားခဲ့ပါတယ်။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဆာရီ ဟာ သူ့ အနေနဲ့ လက်ဆွဲ နှုတ်ဆက်ဖို့ ကို အာရုံ မရ နေကြောင်း ၊ ဂွာဒီယိုလာ ဟာ သူ့ကို လက်ဆွဲ နှုတ်ဆက် ဖို့ လာနေတယ် ဆိုတာလည်း မသိရကြောင်း ၊ သို့ပေမယ့် လည်း သတင်းစာ ရှင်းလင်းပွဲ အပြီး မှာတော့ အဝတ်လဲခန်း မှာ သွား နှုတ်ဆက် သွားဖို့ ရှိကြောင်း ရှင်းလင်း ပြောဆို ခဲ့ပါတယ် ။

ဆာရီ က ” ပွဲပြီးပြီးချင်း အချိန် တုန်းက ကျွန်တော် သူ့ ( ဂွာဒီယိုလာ ) ကို မမြင် မိပါဘူး ။ ဒါပေမယ့် ကျွန်တော် ရဲ့ အရင် ပုံမှန် လုပ်နေကြ ပုံစံ အတိုင်းပဲ အဝတ်လဲခန်း မှာ သူ့ကို သွားပြီး နှုတ်ဆက် ဦးမှာပါ ။ ဒါဟာ ကျွန်တော် တမင် သက်သက် လုပ်တာ မဟုတ်ပါဘူး ။ ကျွန်တော် ဟာ အဝတ်လဲခန်း ထဲကို သွားဖို့ သာ စိတ်ရောက် နေခဲ့ပါတယ် ။ အဲ့ဒါကြောင့် သူ့ကို မတွေ့ ခဲ့တာပါ ။ သူနဲ့ ကျွန်တော် နဲ့ ဘာ ပြဿနာ မှ မရှိပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။


11 Feb 2019     1,341 Views




RELATED

Most Popular of Football

Most Popular of NEWS