BEC-TERO TV

ဟုတ်လှပြီထင်ပြီး အိမ်ကမယားကြီးကို ကွာရှင်းပြီးမှ တိုင်ပတ်သွားတဲ့ ၈၀ ကျော် ဖိုးဖိုး

11 Feb 2019     1,318 Views


ဘီးတပ်ကုလားထိုင်ပေါ်မှာ မသွားနိုင်မလာနိုင်တော့တဲ့ အသက် ၈၀ ကျော် အဖိုးအိုဟာ သူ့ကိုအနီးကပ် ပြုစုစောင့်ရှောက်ပေးတဲ့ အိမ်ဖော်မလေးအပေါ် မေတ္တာသက်ဝင်ပြီးနောက်မှာတော့ တစ်သက်လုံးပေါင်းသင်းလာခဲ့တဲ့ ဇနီးသည်နဲ့ အတင်းကွာရှင်းပြတ်စဲလိုက်ပါတယ်။ ဒါပေမယ့် သာယာမှုကို အချစ်လို့ ယုံစားမိခဲ့တဲ့ ဖိုးဖိုးရဲ့ အဖြစ်ပျက်က နောက်ဆုံးမှာ တိုင်ပတ်သွားခဲ့ပါတယ်။
 
အသက် ၈၀ အရွယ် ခင်ပွန်းဖြစ်သူ ဘီးတပ်ကုလားထိုင်နဲ့ နေရပြီး ကျန်းမာရေးမကောင်းတာကြောင့်  ဘီးတပ်ကုလားထိုင်နဲ့ နေရပြီး ကျန်းမာရေးမကောင်းတာကြောင့် သူကိုပြုစုစောင့်ရှောက်ဖို့ အသက် ၄၅ နှစ်အရွယ် အိမ်အကူတစ်ယောက် ခေါ်ပေးထားပါတယ်။
 
 
အဲဒီအချိန်ကစပြီး ဇနီးကလည်း ဒုက္ခတိခင်ပွန်း အတွက် ဝေယျာဝစ္စတွေ မျက်နှာလွှဲထားခဲ့ပါတယ်။ ကြာလာတဲ့အခါ အဖိုးကြီးက သူ့အပေါ်မှာ ကြင်နာပြီး ချေးကလူသေးကလူ ပြုစုပေးတဲ့ အိမ်ဖော်အပေါ် မေတ္တာသက်ဝင် ချစ်ကြိုက်သွားပါတယ်၊ အိမ်ဖော်အမျိုးသမီးကလည်း အဖိုးကြီးရဲ့ အချစ်ကို လက်ခံခဲ့ပါတယ်။ အဲဒါကြောင့် အဖိုးကြီးက သူ့ရဲ့သားနှစ်ယောက်ကို ဆက်သွယ်ပြီး သူတို့လင်မယားကွားရှင်တော့မယ့်အကြောင်း ပြောခဲ့သလို တရားရုံးမှာလည်း တရားဝင်ကွာရှင်းဖို့ စာတင်ခဲ့ပါတယ်။
 
 
တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ပိုင်ဆိုင်တဲ့ အိမ်ကို တစ်ဝက်ဝက်ပြီး ဇနီးကြီးကို ပေးလိုက်ပါတယ်။ ကျန်တစ်ဝက်မှာတော့ သူ့ရဲ့ဇနီးသစ်လေးနဲ့ ပျော်ရပြီဆိုတဲ့ စိတ်ကူးနဲ့ ပျော်နေခဲ့တာပေါ့။ ဒါပေမယ့် အိမ်ဖော်အမျိုးသမီးနဲ့ တရားဝင်လက်ထပ်လိုက်ပြီး နောက်ပိုင်း အခြေအနေတွေက ပြောင်းသွားပါတယ်။ ဇနီးဖြစ်လာတဲ့ အိမ်ဖော်အမျိုးသမီးက သူ့ကို အရင်လို မပြုစုတော့တဲ့အတွက် အဖိုးကြီးမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ တိုင်ပတ်သွားခဲ့ပါတယ်။
 
ကဲ.. ဒီတော့ ငယ်လင် ငယ်မယားကသာလျှင် ကိုယ့်အပေါ် မေတ္တာစစ်နဲ့ ချစ်မြတ်နိုးတယ်ဆိုတာ ပွေရှုပ်ချင်သူ အမျိုးသားထုကြီး သဘောပေါက်ကြလော့..။

11 Feb 2019     1,318 Views




RELATED

Most Popular of Special or Others

Most Popular of JOB