BEC-TERO TV

သားသမီးကို တစ်ကယ်ချစ်ရင် သူစိမ်းတွေကို အားမနာနဲ့

11 Feb 2019     1,850 Views


ကလေးရှိတဲ့ မေမေ ဖေဖေတို့ရေ ကိုယ့်မှာ ကလေးငယ်လေးတွေ၊ အထူးသဖြင့် မွေးကင်းစ နီတျာရဲလေးတွေရှိရင် အားနာတဲ့စိတ်ကို ခဏဘေးဖယ်ထားပါ။ ဒီလိုမှမဟုတ်ရင်တော့ ဘာမဟုတ်တဲ့ အားနာစိတ်က ကလေးရဲ့ အသက်ကိုတောင် နှုတ်ယူသွားနိုင်ပါတယ်။ နောက်ဆုံးတော့ ရင်ကွဲပြီး ကျန်ရစ်မှာ မိဘတွေကိုယ်တိုင်ပဲ မဟုတ်လား..? 
 
သိပ်မကြာတဲ့အချိန်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တစ်ခုကတော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က အသက် ၂ လသားအရွယ် ကလေးငယ်လေးရဲ့ မျက်လုံးထောင့်မှာ အနာဖြစ်ပြီး အတော်ကြာသည့်တိုင် မပျောက်တာကြောင့် ဆရာဝန်နဲ့ သွားပြခဲ့ပါတယ်။ 
 
ဆရာဝန်က စစ်ဆေးပြီးနောက် ကလေးရဲ့ မျက်လုံးနေရာမှ ကာလသားရောဂါပိုး ကူးစက်ခံရတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် မိသားစုတစ်ခုလုံးကို ဆေးစစ်ဖို့ ဆရာဝန်က ညွှန်ကြားပါတယ်။ ဆေးစစ်ပြီးတဲ့အခါ မိခင်ဖြစ်သူနဲ့ ကလေးမှာသာ ကာလသားရောဂါပိုးတွေ့ရပြီး ဖခင်ဆီမှာတောင် မရှိဘူးဆိုတဲ့ အဖြေပေါ်လာခဲ့ပါတယ်။
 
 
ဆရာဝန်တွေက အနည်းငယ် ပြန်စဉ်းစားပြီးနောက် မိသားစုနဲ့ အနီးကပ်နေတဲ့ အသိုင်းအဝိုင်းကိုပါ ဆေးစစ်ခိုင်ပါတယ်။ ဒီအခါကျမှ အိမ်အကူအမျိုးသမီးဆီမှာ ကာလသားရောဂါပိုးရှိတာကို တွေ့ရပါတယ်။ သူမရဲ့ ခံတွင်းမှာ ကလသားပိုးရှိတာကြောင့် ကလေးရဲ့ ပါးပြင်နဲ့ ခြေလက်တို့ကို နမ်းရှုံ့ရာကနေ ကလေးခန္ဓာကိုယ်မှာ ရှိတဲ့ ပွန်းပဲခြစ်ရာလေးတွေကနေ ကူးစက်ခံခဲ့ရတာဖြစ်ကြောင်း အဖြေပေါ်သွားခဲ့ပါတယ်။
 
ဒါက အဖြစ်ပျက်တစ်ခုဖြစ်ပါတယ်။ နောက်ထပ် လက်တစ်လော အဖြစ်ပျက်တစ်ခုကတော့ အမေရိကန်နိုငံက ၁၈ ရက်သား သာ ရှိသေးတဲ့ မိန်းကလေးဟာ ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ခဲ့ပါတယ်။ သူမဟာ မွေးပြီးပြီးချင်း တစ်ပတ်မှာ ကျန်းမာရေးကောင်းမွန်ပြည့်စုံတဲ့ ကလေးဖြစ်ပါတယ် ဒါပေမယ့် သိပ်မကြာခင်မှာပဲ အပြင်းဖျားလာတဲ့အတွက် အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။
 
 
ဆရာဝန်တွေ စစ်ဆေးအပြီးမှာတော့ ကလေးဟာ ရေယုန်ရောဂါပိုး ကူးစက်ခံရရာကနေ ဦးနှောက်အမြှေးရောင်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ မိဘနှစ်ပါးကို ဆေးစစ်တဲ့အခါ ရေယုန်ရောဂါပိုး မရှိတာကိုတွေ့ရပါတယ်။ 
 
ဒါကြောင့် ဆရာဝန်တွေက ကလေးကို ရေယုန်ရောဂါပိုးရှိနေတဲ့ အခြားသူစိမ်း တစ်ယောက်ယောက် နမ်းရှုံ့ခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ နှစ်ရက်သုံးရက်အကြာမှာပဲ သမီးငယ်လေးဟာ ဝေဒနာခံစားရင်း ဆုံးပါးသွားခဲ့ပါတယ်။
 
ဒါကြောင့်မို့ မေမေ ဖေဖေတို့အနေနဲ့လည်း နုနယ်လှတဲ့ ကိုယ့်ရဲ့ သားသမီးလေးတွေကို လူမှုရေးအရသော်လည်းကောင်း အားနာစိတ်နဲ့ အခြားသူတွေ နမ်းရှုံ့တာကို လက်မခံကြဖို့ ခွင့်မပြုကြဖို့ အကြံပြုလိုက်ပါတယ်။
 
 
ဒါ့အပြင် မသန့်ရှင်းတဲ့ ပါးစပ်နဲ့ အစာဝါးကျွေးတာ၊ ကလေးအစာကို အေးအောင် မှုတ်တာမျိုး မပြုလုပ်ကြဖို့လည်း တိုက်တွန်းပါတယ်။
 
ဒီလိုပါပဲ ကလေးငယ်လေးတွေကို တွေ့တိုင်း ချစ်စိတ်နဲ့ ဇိုးကနဲ ဇတ်ကနဲ ကောက်ပြီးနမ်းတတ်တဲ့ အကျင့်ကိုလည်း တတ်နိုင်သလောက် ထိန်းသိမ်းရင်း ကလေးတွေကို ဘေးကင်းအောင် ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့..။
 
(ပိုပိုလေး)
 

11 Feb 2019     1,850 Views




RELATED

Most Popular of Health Fix

Most Popular of Life Style