BEC-TERO TV

နေမာ မပါပေမဲ့ ပီအက်စ်ဂျီအသင်းကို လျှော့တွက်လို့ မရပါဘူး လို့ ဆိုရှားဆို

11 Feb 2019     1,297 Views


လာမည့် အင်္ဂါနေ့ည မှာ မန်ယူအသင်းဟာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းနှင့် ၁၆ သင်းအဆင့်ပွဲစဉ် ပထမအကျော့ကစားသွားရမှာဖြစ်ပါတယ်။ထိုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကာဗာနီ ၊ နေမာ တို့ ဒဏ်ရာပြသာနာကြောင့် မပါဝင်လာမှုက ကြီးမားတဲ့ နစ်နာမှုဖြစ်ပါတယ်။ ဘရားဇီး ကြယ်ပွင့် နေမာ မပါဝင်တာကြောင့် နည်းပြဆိုးရှားဟာ “ပရိတ်သတ်တွေအတွက် ကြီးမားတဲ့ နစ်နာမှုဖြစ်ပါတယ်။ ကျွန်တော် ကစားသမားလေးတွေလည်း နေမာနဲ့ ယှဉ်ဆိုင် ကစားချင်နေကြမှာပါ ”လို့ နည်းပြဆိုးရှားကပြောပါတယ်။

ဆိုးရှားက “နေမာဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ သူလို့ ကောင်းတဲ့ ကစားသမားမပါဝင်တာက ပရိတ်သတ်တွေအတွက် နစ်နာမှုတစ်ခုဖြစ်စေတာအမှန်ပါပဲ ၊ဒါပေမဲ့ မက်ပီ၊ ဒီမာရီယာ ၊ ဗာရက်တီ တို့လို ကျွမ်းကျင်တဲ့ ကစားသမားတွေရှိနေတာ မေ့ထားလို့မရပါဘူး။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲ က စိတ်ဝင်စားဖို့ကောင်းမှာပါ လို့ “ ပြောခဲ့ပါတယ်။

ဒီနှစ်သင်းယှဉ်ပြိုင်မှုမှာ  နှစ်ဖက် အသင်းမှ လူငယ်ကစားသမားလေးနှစ်ဦးဖြစ်တဲ့ ရက်ဖို့စ်နဲ့ ပီအက်စ်ဂျီအသင်းမှ မက်ပီတို့ကို စောင့်ကြည့်သွားရမည်ဖြစ်ပြီး ဘယ်သူက လုပ်အားနှုန်းကောင်းကောင်းနဲ့ အသင်းကို အထောက်အကူပြုမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ဒီရာသီမှာ ရက်ဖိုစ့် က မန်ယူ အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၉ ဂိုး သွင်းယူထားပြီး ၆ ​ကြိမ် ဂိုးဖန်တီးပေးပါတယ်။ ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှုး မက်ပေကတော့ ၁၈ ဂိုးသွင်း ယူထားပြီး ဂိုးဖန်တီးမှု့ ၅ ကြိမ် ပြုလုပ်ထားပါတယ်။


11 Feb 2019     1,297 Views




RELATED

Most Popular of Football

Most Popular of Sport