BEC-TERO TV

လူငယ်များ မှတ်သားသင့်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိ

13 Feb 2019     2,924 Views


ဖေဖော်ဝါရီ(၁၃) ရက် ၊ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၅ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကို မကွေးတိုင်း နတ်မောက်မြို့နယ် အဖ ဦးဖာ၊ အမိ ဒေါ်စု တို့က ၁၉၁၅ မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။
 
ဗိုလ်ချုပ် ၅ နှစ်သားအရွယ်က မြန်မာပြည်မှာကျောင်းသား သပိတ်ကြီးပေါ်ပေါက်ခဲ့ပြီး ဝံသာနု စိတ်ဓါတ် တို့ထွန်းကားနေချိန်ဖြစ်ပါတယ်။ အောင်ဆန်း၏ အဖိုးဟာ နတ်မောက်မြို့သူကြီး ဦးမင်းရောင်ဟာ ရွှေလရောင် အမည်ခံကာ အင်္ဂလိပ် တို့ကို ပုန်ကန်ခဲ့သူ တစ်ဦးဖြစ်တာကြောင့် အောင်ဆန်းဟာ မိခင်ဒေါ်စု ထံမှ 'အဖိုးဦးမင်းရောင်၏ ကျွန်မခံလိုစိတ်'နှင့် 'အမျိုးသားစိတ်ဓာတ်၊ လှုပ်ရှားမှုအခြေအနေအကြောင်း'တို့ကို ကြားသိခွင့်ရခဲ့ပါတယ်။
 
တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း ၁၉၃၂ခုနှစ် ဇွန်လတွင် ကိုအောင်ဆန်း တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ကိုအောင်ဆန်းသည် အခြားသောကျောင်းသားများနည်းတူ အပါင်းအဖော်များနှင့် ပျော်ပါး၍မနေ။ သစ်လွင်တောက်ပစွာလည်း မဝတ်။ ထိုခေတ် တက္ကသိုလ်ကျောင်းသားတစ်ယောက်၏ ဂုဏ်ပကာသနမျိုးကို သူ မဆင်ယင်။ သူဖတ်ချင်သောစာအုပ်ကိုသာ တကုပ်ကုပ်ဖတ်၍ အခါမလပ် လေးနက်စွာတွေးတောနေတတ်သူတစ်ဦးဖြစ်ပါတယ်။
 
ထိုအချိန်က မြန််မာပြည်နိုင်ငံရေးအခြေအနေမှာ 'အိန္ဒိယပြည်နှင့် ခွဲရေး-တွဲရေးပြဿနာ' ပေါ်ပေါက်နေချိန်ဖြစ်ပါတယ်။ ထို့ပြင် တစ်ကမ္ဘာလုံး စီးပွားရေးညံံ့ဖျင်းမှုကြောင့် မြန်မာပြည်စီးပွားရေးအခြေအနေလည်း ကျပ်တည်း၍ တက္ကသိုလ်ကျောင်းသားကျောင်းသူတို့အဖို့ ပညာသင်ရေးပင် အခက်အခဲတွေ့ကြုံနေရသော အခါဖြစ်ပါတယ်။ ကိုအောင်ဆန်းသည် ပြည်ထဲရေးနှင့်ဝမ်းရေး အရှုပ်အထွေးများအကြားမှာပင် နိုင်ငံရေး စိတ်ဝင်စားမှု ပိုမိုကြီးမားလာခဲ့ပါတယ်။
 
ထိုအတောအတွင်းမှာပင် တက္ကသိုလ်သက်တမ်း (၂)နှစ်ကုန်၍ ဥပစာတန်းအောင်မြင်ခဲ့တယ်။ ပထမနှစ် ဝိဇ္ဇာတန်းသား ကိုအောင်ဆန်းသည် 'တက္ကသိုလ်ကျောင်းသား သမဂ္ဂအမူဆောင်လူကြီးရွေးကောက်ပွဲ'၌ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံတယ်။ သို့သော် အနိုင်မရခဲ့။ ဝိဇ္ဇာအထက်တန်းကျောင်းသား ဖြစ်သောနှစ်တွင် ဒုတိယအကြိမ် ဝင်ရောက်အရွေးခံပြန်၍ တက္ကသိုလ်ကျောင်းသား အမူဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

နိုင်ငံရေးလောကသို့ကူးပြောင်းခြင်း
၁၉၃၆ခု ကျောင်းသားသပိတ်မှစ၍ ကိုအောင်ဆန်း၏အမည်သည် ထင်းရှားလာပါတယ်။ ၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းသည် ဝိဇ္ဇာတန်းအောင်ပြီး ဥပစာတန်းသားအဖြစ် 'တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌရာထူး'နှင့် 'မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရာထူး' နှစ်ရပ်လုံးကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် များမကြာမီမှာပင် ကျောင်းမှထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့ပါတယ်။ ထိုအခါမှစ၍ ကိုအောင်ဆန်းလည်း တက္ကသိုလ်ကျောင်းသားဘဝမှ သခင်အောင်ဆန်း ဆိုပြီး ဖြစ်လာခဲ့ပါတယ်။
 
သခင်အောင်ဆန်း
သခင်အောင်းဆန်းဘဝနှင့် အိန္ဒိယပြည် ရမ်းဂါးကွန်ဂရစ် အစည်းအဝေးသို့လည်း တက်ရောက်ခဲ့တယ်။ ၁၉၃၉ ခုနှစ်တွင် သူနှင့်လုပ်ဖေါ်ကိုင်ဖက်များကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးသောအချိန်တွင် သခင်အောင်ဆန်း သည် တိမ်းရှောင်နေခဲ့ပါတယ်။
 
၁၉၄ဝခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ဇလွန်မြို့၌ တရားဟောပြောရာ ရာဇဝတ်တရားသူကြီးက 'သခင်အောင်ဆန်းကို ဖမ်းရန်'အမိန့်ထုတ်ပြီး 'ဖမ်းဆီးမိလျင် ဆုငွေ(၅)ကျပ် ပေးမည်'ဟု ကြော်ငြာခဲ့ပါတယ်။ ထိုအခါ ကျောင်းသားများနှင့် ပြည်သူလူထုက 'ဒါသည် သခင်အောင်ဆန်း၏ ဂုဏ်ကို စော်ကားရာရောက်သည်'ဟု ကန့်ကွက်သဖြင့် ဆုငွေ(၅)ကျပ်နှင့်တကွ အမှုကိုပါ ပိတ်လိုက်ခဲ့ရပါတယ်။  ထိုအချိန်၌ သခင်အောင်ဆန်းသည် အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းမှ တိမ်းရှောင်နေရင်း နိုင်ငံလွတ်လပ်ရေးကို ကြံဆနေခဲ့ပါတယ်။
 
၁၉၄၀ ခုနှစ် သြဂုတ်လတွင် သခင်အောင်ဆန်းသည် လျှို့ဝှက်ရုပ်ဖျက်ကာ ဂျပန်ပြည်သို့ ထွက်ပြေးခဲ့တယ်။ ဂျပန်ပြည် တွင် ဂျပန်စစ်ဗိုလ်'ကာနယ်ဆူဇူကီး'နှင့် တွေဆုံဆက်သွယ်ပြီး မြန်မာပြည်မှ အခြားရဲဘော်များကိုပါ တိတ်တဆိတ် ပြည်ပသို့ ခိုးထုတ်ကာ တိုကျိုမြို.၌ "ရဲဘော်သုံးကျိပ်"စတင်ဖွဲ့စည်းလိုက်တယ်။
 
ဗိုလ်တေဇ ခေါ် သခင်အောင်ဆန်းအပါအဝင် ရဲဘော်သုံးကျိပ်တို့သည် ဟိုက်နန်းကျွန်း၌ စစ်ပညာများ သင်ကြားပြီး ယိုးဒယားသို့လာခဲ့ကြပါတယ်။ ယိုးဒယား၌ 'ဗမာ့လွတ်လပ်ရေး တပ်မတော်'ကိုဖွဲ့စည်းကာ မြန်မာပြည်တွင်းသို့ စစ်သုံးကြောင်းဖြန့်ကာ ချီတက်လာခဲ့တယ်။ ထိုဗမာ့လွတ်လပ်ရေး တပ်မတော်၌ သခင်အောင်ဆန်းသည် ဗိုလ်တေဇအမည်ခံကာ စစ်ဦးစီးချုပ်တာဝန််ယူခဲ့ပါတယ်။
 
တော်လှန်ရေးနေ့
ဂျပန်တို့သည် မြန်မာပြည်ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်တေဇအမည်ခံ ဗိုလ်အောင်ဆန်း၏ 'ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး'ကို ဖျက်သိမ်း၍ 'ဗမာ့ကာကွယ်ရေးတပ်မတော်'အဖြစ် အမည်မှည့်ခေါ်စေပါတယ်။  
 
၁၉၄၃ ခုနှစ် သြဂုတ်လ ၁ရက် နေ့တွင် ဂျပန်တို့က မြန်မာပြည်အား အယောင်ဆောင်လွတ်လပ်ရေး ပေး၍ ဒေါတ်တာဘမော်ဦးစီးသော အစိုးရအဖွဲ့၌ ဗိုလ်အောင်ဆန်းကို စစ်ဝန််ကြီးရာထူးပေးတယ်။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအဖို့မှာမူ ဂျပန်တို့က မြန်မာပြည်ကို မသိမ်းမီကပင် ၄င်းတို့၏ ဆိုးရွားယုတ်မာမူများကို စက်ဆုပ်ရွံရှာသဖြင့် ပြန်လည်းတော်လှန်ရန် အခွင့်ကောင်းကို စောင့်လင့်နေခဲ့ပါတယ်။
 
 
ဂျပန်တို့၏ ဖိနှိပ်မှု ရက်စက်မှုများ ကြီးမာလာသည့်အလျောက် တော်လှန်ရေးစိတ်ဓာတ်များလည်း ပြင်းထန်လာရာ ၁၉၄၅ ခု မတ်လ ၂၇ ရက်နေတွင် ဗိုလ်ချုပ်သည် သူ၏တပ်မတော်သားအားလုံးအား ဂျပန်တို့ကို တော်လှန်ရန် အမိန့်ထုတ်လိုက်ခဲ့ပါတယ်။  ထိုအခါမှစ၍ ဂျပန်တော်လှန်ရေး ကြီးအစပြုခဲ့တယ်။
 
 ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း
ဂျပန်တို့အား တော်လှန်ပြီးသည့်နောက် မြန်မာပြည်ကို အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ကြ၏။ ထိုအခါ ဗိုလ်ချုပ်သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြီးကိုတည်ထောင်ကာ အင်္ဂလိပ်အစိုးရထံမှ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေးကို တောင်းဆိုခဲ့တယ်။


 လွတ်လပ်ရေး အဓိဋ္ဌာန်

ထို့နောက် ဗိုလ်ချုပ်သည် အင်္ဂလန်သို့သွား၍ အင်္ဂလန်အစိုးရနှင့် လွတ်လပ်ရေးရရှိရန် ဆွေးနွေးခဲ့၏။ 'တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်'ဟူသော ကြွေးကြော်သံဖြင့် တိုင်းပြုပြည်ပြုလွတ်တော်ရွှေးကောက်ပွဲ၌ ဝင်ရောက်အရွေးခံရာ ဗိုလ်ချုပ်၏ ဖဆပလ အဖွဲ့သည် လူထုတစ်ရပ်လုံး၏ ထောက်ခံမူကို ရရှိခဲ့တယ်။]
 
၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်
၁၉၄၇ ခုနစ် နှစ်ဝက်ကျိုးသောအချိန်တွင် ဗိုလ်ချုပ်ကြိုးပမ်းသော လွတ်လပ်ရေးအောင်ပန်းကို ရလုဆဲအခြေအနေဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရအံ့ဆဲလွတ်လပ်ရေးကြီးအတွက် အားတက်ကာ မြန်မာနိုင်ငံကြီးရှေ့ရေးကို သူ၏ဝန်ကြီးအဖွဲ့နှင့် အခါမလပ် တိုင်းပင်ဆွေးနွေး စီစဉ်ခဲ့ပါတယ်။
 
အဲ့ဒီ အစည်းအဝေးပွဲမှာပဲ မသမာသူတို့၏ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား၊ ဦးဘချို။ ဦးဘဝင်း၊ မစ္စတာရာဇတ်တို့သည် တိုင်းပြည်အကျိုးကို သယ်ပိုးနေစဉ်မှာပင် ၁၉၄ရခုနစ် ဇူလိုင် ၁၉ ရက်နေ့တွင် နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ကြပါတယ်။

 


13 Feb 2019     2,924 Views




RELATED

Most Popular of Special or Others

Most Popular of Life Style