BEC-TERO TV

ကောင်မလေးတွေ ဗယ်လင်တိုင်းဒေးမှာချစ်သူကို ဘယ်လို Surprise လုပ်မလဲ?

13 Feb 2019     1,417 Views


ချစ်သူများနေ့မှာ အစဉ်အလာတစ်ခုလိုဖြစ်နေတဲ့အတွက် ယောကျင်္ားလေးအများစုကပဲ ချစ်သူကောင်မလေးကို Surprise လုပ်ပေးတာမျိုး တွေ့ရပြီး မိန်းကလေးဘက်က Surprise လုပ်ပေးတာတော့ အင်မတန်မှရှားပါးလှပါတယ်။ တကယ်လို့ မိန်းကလေးဘက်ကသာ အရင် Surprise လုပ်ပေးလိုက်မယ်ဆိုရင်သူ့ဘက်ကလဲ ဝမ်းသာကြည်နူးသွား်ပြီး သင့်အပေါ်အချစ်တွေတိုးလာနိုင်ပါတယ်နော်။ 
 
မိန်းကလေးမို့ တစ်ချိန်လုံး Surprise လုပ်တာခံလာရတဲ့အတွက် ဘယ်လို Surprise လုပ်ရမလဲ ဆိုတာ ဝေခွဲမရဖြစ်နေပါသလား။ ဒီအတွက် စိတ်မပူပါနဲ့ ကိုယ်ချစ်တဲ့သူကို အ့ံအားသင့်သွားအောင် ဘယ်လို Surprise လုပ်ရမလဲဆိုတာ ပိုပိုလေးနဲ့အတူ လိုက်ပါစီးမျောကြည့်လိုက်ကြရအောင်။

၁။ သူ မသိအောင် ခရီးတိုလေးတစ်ခုစီစဉ်ထားပါ။

ဗယ်လင်တိုင်းဒေးလို အထူးနေ့မျိုးမှာချစ်သူနဲ့ တစ်နေ့တာခရီးတိုလေး ထွက်ဖြစ်တာက နှစ်ဦးစလုံးအတွက် အမှတ်တရဖြစ်စေမှာပါ။

၂။ ဘဝအတွက် အကျိုးပြုစေမယ့် စာအုပ်ကောင်းလေးတွေလက်ဆောင်ပေးပါ။

သူ့ကို အတွေးအခေါ်ကောင်းတွေရရှိစေဖို့ လေးနက်စေဖို့ စာအုပ်ကောင်းလေးတွေလက်ဆောင်ပေးပါ။ သူကြိုက်နှစ်သက်ပါလိမ့်မယ်။

၃။ သူနဲ့အတူ အချိန်ကုန်ဆုံးပေးပါ။

တကယ်လို့ သင်ဟာအမြဲအလုပ်ရှုပ်နေလို့ ချစ်သူကိုအချိန်မပေးနိုင်သူတစ်ယောက် ဆိုရင် ဒီလိုနေ့မျိုးမှာတော့ ကျန်တာတွေမေ့ထားပြီး သူ့အတွက်ပဲအချိန်ပေးသင့်ပါတယ်။

၄။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံအသစ်များနဲ့ အချိန်ကုန်ဆုံးပါ။

Adventure ဆန်ဆန် စွန့်စားတဲ့ကစားနည်းတွေကို ချစ်သူနဲ့အတူကစားရင်း ဒီလိုနေ့မျိုးကို အဓိပ္ပါယ်ရှိရှိကုန်ဆုံးသင့်ပါတယ်။

၅။ သူကြိုက်တတ်တဲ့ အရာလေးတွေမှတ်သားထားပြီး လက်ဆောင်ပေးသင့်ပါတယ်။

တွဲလာတဲ့ ချစ်သူသက်တမ်းတစ်လျှောက်မှာ သူဘာကြိုက်တတ်သလဲဆိုတာမှတ်သားထားပြီး လက်ဆောင်အနေနဲ့ ပေးသင့်ပါတယ်။ ဒါလိုလုပ်ခြင်းဟာသူ့ကို သင်အလေးထားဂရုစို်က်ကြောင်းထင်ဟပ်စေမှာဖြစ်ပြီး သင့်အပေါ် အချစ်တွေတိုးလာမှာဖြစ်ပါတယ်။


13 Feb 2019     1,417 Views




RELATED

Most Popular of Special or Others

Most Popular of NEWS