BEC-TERO TV

ပဲပြုတ်နံပြားနဲ့ ဖေဖော်ဝါရီလ မွေးဖွားသူတွေရဲ့ ထူးခြားတဲ့ အကျင့်စရိုက်များ

13 Feb 2019     2,018 Views


နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက်လ ဖြစ်တဲ့ “ဖေဖော်ဝါရီလ” ဟာ မြန်မာမှာတင်မက ကမ္ဘာမှာပါ နေ့ထူးနေ့မြတ်တွေရှိတဲ့လ ထူးချွန်ထက်မြက်သူတွေ မွေးဖွားတဲ့လဖြစ်လို့ အင်မတန်ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
 
မြန်မာနိုင်ငံအတွက် ဆိုရင် အထင်ကရ မြန်မာ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဖေဖော်ဝါရီလ (၁၃)ရက် မွေးဖွားသူဖြစ်သလို တိုင်းပြည်အတွက် စာပေကဗျာတွေ ရေးသားခဲ့သလို အင်္ဂလိပ်မြန်မာအဘိဓာန်ကို ပြုစုပျိုးထောင်ခဲ့သူ ဆရာကြီးမင်းသုဝဏ် ဟာလည်း ဖေဖော်ဝါရီလ (၁၀)ရက်တွင် မွေးဖွားခဲ့ကြသူတွေဖြစ်ပါတယ်။ 
 
ဒါ့အပြင် သမိုင်းရဲ့ နေ့ထူးနေ့မြတ်ကြီး တစ်ခုဖြစ်တဲ့ “ပြည်ထောင်စုနေ့” ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်ပါတယ်။ ကမ္ဘာကျော် ချစ်သူများနေ့ ဗယ်လင်တိုင်မ်းစ်ဒေးဟာလည်း ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်တာကြောင့် တစ်နည်းအားဖြင့် အချစ်လ လို့တောင် တင်စားထိုက်ပါတယ်။် ဖြစ်တာကြောင့် တစ်နည်းအားဖြင့် အချစ်လ လို့တောင် တင်စားထိုက်ပါတယ်။
 
ကမ္ဘာပေါ်မှာထင်ရှားတဲ့ ဖေဖော်ဝါရီလ မွေးသူတွေကတော့ နိုင်ငံရေးနယ်ပယ်မှာဆိုရင် အမေရိကန်သမ္မတကြီး အေဘရာဟင်လင်ကွန်း နဲ့ ရောနယ်လ်ရေဂင် တို့ဖြစ်ကြပြီး နည်းပညာနယ်ပယ်မှာ Apple ရဲ့ ဖခင်ကြီး စတိဗ်ဂျော့၊ အားကစားလောကမှာ ခရစ္စတီယာနို ရော်နယ်ဒို၊ အနုပညာလောကမှာတော့ ရုပ်ရှင်မင်းသားကြီး ဂျွန်ထရာဗိုလ်တာ၊ အဆိုတော် ရီဟာနားတို့အပြင် အခြားထင်ရှားကျော်ကြားသူတွေ များစွာမွေးဖွားခဲ့တဲ့ လ ဖြစ်ပါတယ်။
 
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လွပ်လပ်ရေးအတွက် ဗြိတိသျှခေါင်းဆောင်တွေနဲ့ အစည်းဝေးထိုင်ဆွေးနွေးစဉ်၊ မျက်နှာဖြူအရာရှိတစ်ဦးက “လွပ်လပ်ရေးကို အသာတကြည်မပေးဘူးဆိုရင်ရောကွာ” ဆိုပြီး ဗိုလ်ချုပ်ကို ချစ်စနိုးနဲ့ ကျီစယ်လိုက်ချိန်မှာ ဗိုလ်ချုပ်က အရာရှိရဲ့ အိပ်ကပ်မှာ ချိပ်ထားတဲ့ ဘောပင်ကို ဆတ်ကနဲ စောင့်ဆွဲယူလိုက်ပါတယ်။ 
 
အဲဒီအတွက် အင်္ကျီအိပ်ကပ်ထောင့် အနည်းငယ်စုတ်ပြဲသွားပါတယ်။ အားလုံးက အံ့အားသင့်နေကြချိန် ဗိုလ်ချုပ်က “အသာတကြည်မပေးဘူးဆိုရင်လို အခုလို အတင်းလုယူသင့်ရင် ယူရမှာပဲ အဲဒီအတွက် နှစ်ဦးနှစ်ဖက်စလုံးမှာ နစ်နာစရာတွေရှိနိုင်တယ်” လို့ ပြန်လည်ချေပလိုက်တော့ ဗြိတိသျှအရာရှိတွေက စိတ်မဆိုးတဲ့အပြင် ဗိုလ်ချုပ်ကို ပိုပြီးလေးစား သဘောကျသွားဖူးတယ်လို့ မှတ်သားဖူးပါတယ်။
 
တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုရင် အခုလို ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား ဘယ်သူ့မျက်နှာမှ မထောက်ပဲ စိတ်လိုက်ကိုယ်ပါ လုပ်တတ်တဲ့ ဗိုလ်ချုပ်က နှလုံးသားရေးရာမှာတော့ အင်မတန်နူးညံ့သိမ့်မွေ့တဲ့ စိတ်နှလုံးရှိသူဖြစ်ပါတယ်။ 
 
နိုင်ငံကို အုပ်စိုးထားပြီး သူ့ကိုအချိန်မရွေး သေနတ်နဲ့ ထပစ်ရင် ဒုက္ခရောက်သွားနိုင်တဲ့ မျက်နှာဖြူအရာရှိတွေကို ဂရုမစိုက်ပဲ စိတ်လိုက်ကိုယ်ပါ တုံ့ပြန်ခဲ့ပေမယ့် သူဘာပဲပြောပြော ငုံ့ခံမှာ ဖြစ်တဲ့ ပါရမီဖြည့်ဖက် ဇနီးသည် ဒေါ်ခင်ကြည်ကိုတော့ “ကြည်ရေ... ပဲပြုတ်နဲ့ နံပြား ရရင် စားချင်တယ်” ဆိုတဲ့ စာလေးနဲ့ အမိန့်သံမစွက် တိုးလျှိုးတောင်ခံတဲ့ စရိုက်ဟာ သူ့ရဲ့နူးညံ့တဲ့ စိတ်ထားကို ပြသတာပဲဖြစ်ပါတယ်။
 
 
ဒါကြောင့်မို့ ဖေဖော်ဝါရီလ မွေးဖွားသူတွေရဲ့ စိတ်နေစိတ်ထားဟာ အခြားလမွေးဖွားသူတွေနဲ့စာရင် အနည်းငယ်ထူးခြားမှုရှိပါတယ်။ သူတို့ဟာ တစ်ပါးသူအပေါ် အထူးလွန်ကဲစွာ ဂရုစိုက်တတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ မိခင်ကောင်း ဖခင်ကောင်းတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ “ဟင် ဆိုရင် လှည့်မကြည့်တတ်တဲ့” လူစားမျိုးတွေဖြစ်တာကြောင့် သူတို့ရဲ့ ဂရုစိုက်မှု အနွံအတာခံမှုတွေအပေါ်မှာ အရမ်းအခွင့်အရေး မယူသင့်ပါဘူး။
 
သူတို့ဟာ စိတ်ခံစားမှုပြင်းထန်ပြီး ချစ်သူအပေါ်၊ မိသားစုနဲ့ အနီးကပ်ပေါင်းသင်းတဲ့ သူငယ်ချင်းမိတ်ဆွေတွေအပေါ် အလွန်သံယောဇဉ်ကြီးသူတွေလည်း ဖြစ်ကြပါတယ်။ အကယ်၍ အိမ်ထောင်မပြုရသေးသူဆိုရင်လည်း သူ့ရဲ့အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ ထူးခြားတဲ့သူတစ်ယောက်ကို တစ်ဘဝလုံးလိုက်ရှာနေတတ်သူလည်း ဖြစ်ပါတယ်။ (ဆိုလိုတာကတော့ အိမ်ထောင်ရေးကို ပြီးကတတ်ဆန်း သဘောမထား တွေ့ရာလူကို မရွေးချယ်ပဲ အလေးထားတဲ့ သဘောဖြစ်ပါတယ်)။ 
 
ဖေဖော်ဝါရီလ မွေးဖွားသူတွေဟာ သူတို့ချစ်ခင်မြတ်နိုးတဲ့ သူတွေအပေါ်မှာ အမြဲမှီခိုတွယ်တာတတ်ပြီး သူတို့တွေက ဂရုမစိုက်ဖူး၊ မချစ်တော့ဘူးလို့ ထင်မိရင် စိတ်ဓာတ်ကျနေတတ်ပါတယ် (သူတို့တွေဟာ အချစ်နဲ့ပက်သက်လာရင် ကလေးလေး တစ်ယောက်အတိုင်းပါပဲ)။
 
ဒါပေမယ့်လည်း ရည်းမှန်းချက်ကြီးကြီးထားပြီး အိမ်မက်ပန်းတိုင်ကို လက်တွေ့ဖြစ်လာအောင် အမြဲကြိုးစားနေကြသူတွေလည်းဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ အတွေးမျိုးတွေရှိပြီး အိမ်မက်နဲ့ မျှော်လင့်ချက်တွေဆီ ဇွဲနဲ့ အရောက်သွားနေကြသူတွေလည်း ဖြစ်ပါတယ်။
အနုပညာဓါတ်ခံရှိသူတွေဖြစ်ပြီး မည်သည့်အသက်မွေးဝမ်းကြောင်းဖြင့်ပင် လုပ်ကိုင်နေသည့်တိုင် စာပေ၊ ဂီတ၊ ပန်းချီ စတဲ့ အနုပညာနွယ်တဲ့ ဝါသနာတစ်ခုခု ရှိနေတတ်ပါတယ်။
 
ဖေဖော်ဝါရီဖွားတွေဟာ ရဲရင့်ပြတ်သားပြီး ကတိတစ်ခုကို ပေးထားပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့ သူတွေဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးထင်ရင် ကတိမပေးတတ်ပေမယ့် နောက်ကွယ်မှာ ဖြစ်နိုင်အောင် ကြိုးစားကြသူတွေလည်းဖြစ်ပါတယ်။ သူတို့စိတ်ဆန္ဒ ပြင်းပျတဲ့အရာတွေကို မရရအောင် မဖြစ်ဖြစ်အောင် ကြိုးစားရယူကြသူတွေလည်းဖြစ်ပါတယ်။ 
 
ခြုံငုံပြောရရင်တော့ ဖေဖော်ဝါရီလမွေးဖွားသူတွေဟာ အပြင်ပန်းကြည့်ရင် မာမာထန်ထန်ရှိပေမယ့် စိတ်နှလုံးနူးညံ့ ပျော့ပြောင်းသူတွေဖြစ်ပါတယ်။ ကတိတည်တတ်သူတွေဖြစ်ပြီး အလုပ်ဌါနတွေမှာ တာဝန်ယူ တာဝန်သိလွန်းတဲ့အတွက် အခြားသူတွေ အမြင်ကတ်တာတောင်ခံရတတ်ပါတယ်။ အားနည်းချက် တစ်ခုက တစ်ပါးသူအပေါ် ကိုယ်လို့မျိုးပဲဟု ယူဆပြီး အယုံလွယ်တတ်ခြင်း၊ စိတိပိုင်းဆိုင်ရာ တွယ်ငြိမှီခိုလွန်းအားကြီးတာပဲဖြစ်ပါတယ်။
 
(ပိုပိုလေး)

 


13 Feb 2019     2,018 Views




RELATED

Most Popular of Special or Others

Most Popular of Life Style