BEC-TERO TV

ငှက်ပျောသီးခွံရဲ့ ထူးခြားတဲ့ စွမ်းပကား ဖတ်ကြည့်မှသိမယ်

13 Feb 2019     1,458 Views


“သိသူဖော်စား မသိသူကျော်သွား” ဆိုတဲ့ စကားအတိုင်း လူအတော်များများက မသိကြတဲ့အတွက် ငှက်ပျောသီးကို စားပြီးတာနဲ့ အခွံကို ဆတ်ကနဲ လွှင့်ပစ်တတ်ကြပါတယ်။ စည်းမဲ့ကမ်းမဲ့လွှင့်ပစ်ရင် အခြားသူတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ ငှက်ပျောသီးခွံဟာ ဘယ်လိုအသုံးချလို့ရလဲဆိုတာ သိတဲ့သူတွေအတွက်တော့ အဖိုးတန် သဘာဝလက်ဆောင် တစ်ခုပါပဲ။
 
ငှက်ပျောသီးခွံမှာ ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ အင်တီအောက်ဆီဒင့် ကြွယ်ဝတဲ့အပြင် ဗိတာမင် B 12၊ B 6 ၊ မဂ္ဂနီစီယံ နဲ့ ပိုတက်စီယံတို့လည်း ပါဝင်ပါတယ်။ ငှက်ပျောခွံဟာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကိုပါ သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဝက်ခြံ၊ ကြွက်နို့ စတာတွေကိုလည်း မနာမကျင်စေပဲ ရှင်းလင်းနိုင်ပါတယ်။
 
၁။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ
 
 
ပက်လက်အနေအထား လဲလျှောင်းလျှက် စားပြီးသား ငှက်ပျောခွံတစ်ဖတ်ကို နဖူးပြင်ပေါ် အလိုက်သင့်တင်ပါ။ ထို့နောက် ငှက်ပျောခွံပေါ်ကနေ နဖူးကို လက်ချောင်းများနဲ့ ၅ မိနစ် ကနေ ၁၀ မိနစ်ခန့်ထိ ညင်သာစွာ နှိပ်နယ်ပေးပါ။ ခေါင်းကိုက်ဝေဒနာ ယူပစ်သလို ပျောက်သွားတာကို ခံစားရပါလိမ်မယ်။
 
၂။ ပေါင်းတင်မျက်နှာဖုံး
 
 
ငှက်ပျောခွံဟာ အထက်မှာ ဖော်ပြခဲ့သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သဘာဝသတ္တုဓာတ်တွေ ပါဝင်တာကြောင့် အသားအရေ ထိန်းသိမ်းလိုသူတွေအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ ငှက်ပျောခွံအတွင်းပိုင်း အနှစ်လေးများကို ဇွန်းနဲ့ ခြစ်ယူပြီး သံပုရာရည်၊ ပျားရည်တို့နဲ့ ရောစပ်ကာ မျက်နှာကို လိမ်းနိုင်ပါတယ်။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်မှာ ၃ ကြိမ်လောက် လုပ်ရုံနဲ့ အသားအရေ ချောမွတ်ကြည်လင်လာတာကို တွေ့ရပါလိမ့်မယ်။
 
၃။ ဝက်ခြံ
 
ညတိုင်း အိပ်ယာမဝင်မီမှာ ငှက်ပျောခွံပေါ်က အနှစ်ကို မျက်နှာပေါ်မှာ ပေါက်နေတဲ့ ဝက်ခြံပေါ် လိမ်းကျံပေးပါ။ အဲဒီနောက် ညအိပ်ယာဝင်ပြီး နောက်တစ်နေ့နံနက် မျက်နှာသစ်လိုက်ပါ။ တစ်ပတ်လောက် ဆက်တိုက်လုပ်ရင် မျက်နှာပေါ်က ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။
 
၄။ ကြွက်နို့
 
 
ကြွက်နို့ ဒုက္ခပေးနေလို့ စိတ်မပူပါနဲ့၊ ငှက်ပျောခွံက မနာမကျင်ပဲ ဖယ်ရှားပေးနိုင်ပါတယ်။ ကြွက်နို့ရှိတဲ့နေရာကို ငှက်ပျောခွံအပိုင်းလေးတင်ပြီး ကွာကိမသွားအောင် အပေါ်ကနေ တိပ်နဲ့ ကပ်ပေးထားပါ၊ တစ်ရက်တစ်ခါ ငှက်ပျောခွံ လဲလှယ်ပေးပါ။ တစ်ပတ်လောက်ကြာတဲ့အခါ မနာမကျင်ပဲ ကြွက်နို့အလိုလို ပြုတ်ထွက်သွားတာ တွေ့ရပါလိမ့်မယ်။
 
၅။ ပိုးကောင်မွှားကောင်ကိုက်ရင်
 
 
ပိုးကောင်မွှားကောင်ကိုက်လို့ အရေပြားနီမြန်းသွားတာမျိုးကို ငှက်ပျောခွံနဲ့ သက်သာစေပါတယ်။ အကိုက်ခံရတဲ့နေရာကို ငှက်ပျောခွံနဲ့  မိနစ်အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။
 
၆။ သွားတွေဖြူဖွေးအောင် 
 
 
ငှက်ပျောခွံဟာ သွားတွေဖြူဖွေးအောင် ကူညီနိုင်တယ်ဆိုတာ သိတဲ့သူနည်းပါတယ်။ နံနက်တိုင်း ငှက်ပျောခွံနဲ့ သွားတွေကို ပွတ်ပေးပါ၊ ပြီးရင် ထုံစံအတိုင်း သွားတိုက်ဆေးနဲ့ သွားတိုက်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သွားတွေ သိသိသာသာဖြူဝင်းလာတာကို တွေ့ရပါလိမ့်မယ်။
 
(ပိုပိုလေး)
 

 


13 Feb 2019     1,458 Views




RELATED

Most Popular of Health Fix

Most Popular of Life Style