BEC-TERO TV

အသင်းသားတွေကို “သူရဲကောင်းလေးများ” လို့ ချီကျူးသွားခဲ့တဲ့ ပိုချက်တီနို

14 Feb 2019     1,283 Views


မနေ့က စပါးအသင်းဟာ ဒေါမွန်အသင်းကို ၃-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် စပါးနည်းပြ ပိုချက်တီနိုဟာ အသင်းရဲ့ ကစားသမားတွေကို သူရဲကောင်းလေးများ လို့ ချီကျူးသွားခဲ့ပြီး မိမိတို့အသင်း ကို လူအများက အထင်သေးနေကြတယ် လို့ပြောသွားခဲ့ပါတယ်။

ဟာရီကိန်း ၊ အလီတို့ မပါဝင်ခဲ့ပေမဲ့ စပါးအသင်းဟာ ဆွန်ဟောင်မင်၊ ဗာတွန်ဂန်၊ လော်ရန်တေးတို့၏ ဒုတိယပိုင်းသွင်းဂိုးများဖြင့်၃-၀ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ရန်အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့ အားလုံး အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ အသင်းက ကစားသမားတွေ ကို ဂုဏ်ယူပါတယ်။ သူတို့တွေ အကောင်းဆုံး လုပ်ပြနိုင်တာက တော့ အံ့မခန်းပါ့ပဲ” လို့ သူရဲ့ကစားသမားတွေကို ချီကျူးခဲ့ပါတယ်။

စပါးအသင်းဟာ အုပ်စုအဆင့်မှပင် ထွက်ရလိမ့်မယ်လို့ ရာခိုင်းနှုန်းများခဲ့ပေမဲ့ ရှုံးထွက်ရဲ့ နောက်တစ်ဆင့် ၁၆ သင်းအဆင့်ကနေ့ နောက်တစ်ဆင့် တတ်လှမ်းနိုင်ဖို့ အခွင့်အလမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။

စပါးအသင်းမှ ဆွန်ဟောင်းမင်း ကိုလည်း “သူဟာ တစ်နေ့နဲ့ တစ်နေ့ပိုတိုးတတ်လာတာပဲ ၊ သူရဲခြေစွမ်းကတော့ မယုံနိုင်စရာပါပဲ ။ သူဟာ အသင်းအတွက် အများကြီး အထောက်အကူပြုနေတဲ့ သူတစ်ယောက်ပါ ” လို့ ချီကျူးသွားခဲ့ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် (ဒု-ကျော့) ကို မတ်လ ၆ ရက်နေ့ စပါးအသင်းဟာ ဒေါ့မွန် ကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပါတယ်။


14 Feb 2019     1,283 Views




RELATED

Most Popular of Football

Most Popular of Sport