BEC-TERO TV

အခက်ခဲဆုံးအခြေအနေနဲ့ မွေးဖွားခဲ့ရတဲ့ ကလေးငယ် (ရုပ်သံ)

14 Feb 2019     1,534 Views


အမိဝမ်းတွင်းမှ မီးဖွားစဉ် ရေမွှာအိတ်ထဲမှာ မွန်းကြပ်ပိတ်မိနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံတွေကို ကြည့်ခြင်းဖြင့် လူတစ်ယောက်ဖြစ်လာဖို့ မိခင်ရော ကလေးမှာပါ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာကို တွေ့မြင်ရပါတယ်။ 
 
 
ကိုယ်ဝန်ဆောင် မိခင်ကို ဗိုက်ခွဲမွေးချိန်မှာ အခုလို ထူးထူးဆန်းဆန်း ရေမွှာအိတ်ထဲမှာ ပိတ်မိနေတာမျိုးက အယောက် တစ်သိန်းလောက်မှာမှ တစ်ယောက်လောက် ဖြစ်တောင့်ဖြစ်ခဲအခြေအနေမျိုးဟု ဆရာဝန်ကြီးတွေက ဆိုပါတယ်။
 
 
အဆိုပါ ဓါတ်ပုံနဲ့ ရုပ်သံတွေဟာ ဘရာဇီးနိုင်ငံ အက်စ်ပရစ်တို ပြည်နယ်က ဆေးရုံတစ်ရုံမှာ ကလေးမီးဖွားတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးသူ ဓါတ်ပုံဆရာ “ဂျာနာဘရာစီ” ရိုက်ထားတဲ့ ပုံတွေဖြစ်ပါတယ်။
 
 
ရုပ်သံမှာ “နိုအာ” လို့အမည်ပေးထားတဲ့ ကလေးလေးဟာ မိခင်ဝမ်းဗိုက်ထဲက ဆွဲထုတ်စဉ် ရေမွှာအိတ်မပေါက်ပဲ ပိတ်မိနေတာကိုတွေ့ရပါတယ်။ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ဇာတ်ကားတွေထဲက ဂြိုလ်သားလေးတစ်ကောင် မွေးဖွားလာတာနဲ့တောင် ဆင်တူနေပါသေးတယ်။ နောက်ဆုံးမှာတော့ ဆရာဝန်တွေက ရေမွှာအိတ်ကို ခွဲပြီး ကလေးကို ဘေးကင်းစွာနဲ့ မွေးဖွားပေးနိုင်ခဲ့ပါတယ်။
 

14 Feb 2019     1,534 Views




RELATED

Most Popular of Special or Others

Most Popular of NEWS