BEC-TERO TV

ချစ်သူများနေ့မှာ ဇနီးဖြစ်သူကို Ro တာထက် လိုတာကိုလက်ဆောင်ပေးခဲ့တဲ့ သားညီ

14 Feb 2019     1,425 Views


တစ်ချိန်ကရုပ်ရှင်လောကထဲမှာ ပရိသတ်တိုင်း ချစ်ခင်အားပေးခဲ့ကြရတဲ့ ရုပ်ရှင်မင်းသားကြီး ဒွေးရဲ့ညီအရင်းဖြစ်သူ သရုပ်ဆောင်သားညီကတော့ အနုပညာလောကထဲမှာ ပရိသတ်ရဲ့လက်ခံအားပေးမှုတွေကို ရရှိထားသူပါ။ ဒွေးနဲ့သားညီဆိုပြီးလည်း ပရိသတ်တွေက အစ်ကိုနဲ့ညီကို တွဲပြီးသိထားကြကာ နှစ်ယောက်စလုံးကို ၀န်းရံအားပေးခဲ့ကြတာပါ။ အစ်ကိုဖြစ်သူရှိစဉ်က အနုပညာအလုပ်တွေကို အတူတူလက်တွဲလုပ်ကိုင်ခဲ့ပြီးနောက် အနုပညာလောကကနေ ခေတ္တပျောက်ကွယ်သွားခဲ့ပါတယ်။

သို့ပေမယ့်လည်း ၀ါသနာပါရာအနုပညာအလုပ်တွေကို မစွန့်လွှတ်နိုင်တာကြောင့် သရုပ်ဆောင်အပြင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် သားညီဟာဆိုရင် ချစ်ဇနီးချောလေးနဲ့အတူ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကာ သာယာတဲ့အိမ်ထောင်ရေးတစ်ခုကိုထူထောင်ထားသူဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း (၁၂) နှစ်ရှိသွားပြီဖြစ်တဲ့ သားညီကတော့ ဒီကနေ့မှာကျရောက်တဲ့ ချစ်သူများနေ့အတွက်ရည်ရွယ်ကာ ဇနီးချောလေးကို Surprise အကြီးကြီးလုပ်ခဲ့ပါတယ်။

ချစ်သူကိုယ်စီနဲ့ လူငယ်တွေအပြိုင်အဆိုင်ရိုနေကြတဲ့ ယနေ့လိုခေတ်ကြီးမှာ ကိုသားညီကလည်း ဇနီးဖြစ်သူကို အားကျမခံလက်ဆောင်အကြီးကြီးပေးခဲ့ပါတယ်။ ဇနီးဖြစ်သူကို မြန်မာငွေ (၅၀၀၀) ကျပ်တန်အထုပ်လိုက်ပါတဲ့ ငွေကျပ် (၁၀) သိန်းကို ချစ်သူများနေ့အမှတ်တရလက်ဆောင်အဖြစ် ပေးလိုက်တာပဲဖြစ်ပါတယ်။ လူငယ်တွေမဟုတ်တော့တာကြောင့် Ro ဆန်တာထက် လက်တွေ့ပိုဆန်တဲ့ လက်ဆောင်ကိုပေးခဲ့တာဖြစ်ပြီး ပရိသတ်တိုင်းက ကိုသားညီရဲ့လက်ဆောင်ကို သဘောကျလို့နေကြပါတယ်။

သားညီက သူ့ရဲ့ဖေ့စ်ဘွတ်ကနေ “ကျွန်တော်တို့ မချမ်းသာပါဘူး ...ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ကိုယ် ရှာတဲ့ပိုက်ဆံကိုတော့ တန်ဖိုးထားပါတယ် .. အသက်ကြီးလာတော့ စိတ်ကူးယဉ်မဆန်တော့ဘူး ...
လက်တွေ့ပိုဆန်လာတယ် ...ရို တာမပေးတော့ဘူး လိုတာပဲပေးတော့မယ် ...ချစ်သူများနေ့အတွက် လက်ဆောင်ပါ မိန်းမရေ” ဆိုပြီး ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။

ဒီလိုမျိုး အပိုတွေထက် လိုတာကိုနားလည်သိတတ်တဲ့ ယောကျာ်းကောင်းကိုရထားတဲ့ ကိုသားညီရဲ့ဇနီးဖြစ်သူ မဇာခြည်ဝင်းစံကတော့ တကယ့်ကိုကံကောင်းတဲ့ ဇနီးတစ်ယောက်ပါပဲနော်… ပရိသတ်ကြီးရော အားကျနေကြပြီလား….

 

 


14 Feb 2019     1,425 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment