BEC-TERO TV

Valentine’s Day မှာ သူမရှိနေမယ့် နေရာလေးကို အသိပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

14 Feb 2019     1,421 Views


ပရိသတ်အချစ်တော်မင်းသမီးလေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်စဉ်ကတည်းက ပရိသတ်တွေက သဲသဲလှုပ်ချစ်ခဲ့ရသူဖြစ်ပြီး အရူးအမူးဖြစ်အာင် လှပလွန်းသူဖြစ်ပါတယ်။ ရုပ်ရည်ရဲ့ ချောမောမှု၊ အသားအရည်ရဲ့ ၀င်းလက်တောက်ပမှု၊ ခန္ဓာကိုယ်ရဲ့ ပြေပြစ်လှပမှုတွေကြောင့်ပဲ သူမရဲ့အလှတို့ကပြီးပြည့်စုံနေရသည်မဟုတ်ပါလား။

သရုပ်ဆောင်တစ်ယောက်အပြင် Sexy model တစ်ဦးအဖြစ်ပါ အနုပညာလောကထဲ ရပ်တည်လာတဲ့ သင်ဇာဝင့်ကျော်ဟာဆိုရင် သူမရဲ့ခေတ်ရှေ့ပြေးလွန်တဲ့ ဖက်ရှင်တွေကြောင့်ပင် ပရိသတ်တွေရဲ့ဝေဖန်မှုပြောဆိုမှုတွေကို ခံနေရတာဖြစ်ပြီး ပွဲတစ်ခါတက်တိုင်း ဆိုရှယ်မီဒီယာတစ်ခွင်မှာ သူမရဲ့ဖက်ရှင်တွေက ဂယက်ထနေတာပဲဖြစ်ပါတယ်။ ဘယ်လိုပင် ဝေဖန်ပြောဆိုကြပါစေ သူမရဲ့အသက်မွေးဝမ်းကျောင်းအလုပ်မို့ Sexy ကျတဲ့ ဖက်ရှင်တွေကို အချိန်အခါ နေရာဒေသအလိုက် ဆက်လက်ဝတ်ဆင်ဦးမှာဖြစ်ပေမယ့် လျှော့တော့ဝတ်သွားပါမယ်လို့ အင်တာဗျူးတွေမှာလည်း ဖြေကြားခဲ့ပါသေးတယ်။

၂၀၁၈ တစ်နှစ်တာလုံးကို သူမရဲ့အလန်းစားဖက်ရှင်တွေက သိမ်းပိုက်ဖမ်းစားနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာလည်း ဘယ်လိုမျိုး ဆွဲဆောင်မှုတွေပြင်းလွန်းတဲ့ ဖက်ရှင်တွေကို ၀တ်ဆင်ဦးမလဲဆိုတာတော့ ပရိသတ်တွေက စဉ်ဆက်မပြတ်စောင့်ကြည့်လို့နေကြပါတယ်။ ချစ်သူမရှိပဲ တစ်ကိုယ်တည်း Single ဘ၀ကို ပျော်ပျော်ကြီးဖြစ်သန်းနေတဲ့ အပျိုကြီးမမသင်ဇာကတော့ သူမရဲ့ Valentine’s Day ဖြတ်သန်းမှုလေးကို ပရိသတ်တွေကို ကြိုတင်အသိပေးလိုက်ပါပြီနော်။ ချစ်သူမရှိတဲ့ အပျိုကြီးမမတစ်ယောက် ချစ်သူများနေ့ကို ဘယ်မှာဖြတ်သန်းမလဲဆိုတာကို သူမရဲ့လူမှုကွန်ယက်ကနေ ပရိသတ်တွေကိုအသိပေးလိုက်ပါတယ်။

သင်ဇာကတော့ ဒီနေ့ကို ကမာရွတ်မြို့နယ်မှာရှိတဲ့ စံရိပ်ငြိမ်ဂမုန်းပွင့်မှာ ဆိုင်ဖွင့်ပွဲတစ်ခုကိုတက်ရောက်ရင်း ဖြတ်သန်းမှာဖြစ်ကြောင်းကို “သင်ဇာဒီနေ့ညနေ ဒီပွဲလေးမှာရှိမယ်နော်.. အားလုံး” ဆိုပြီး အသိပေးထားတာပဲဖြစ်ပါတယ်။ သင်ဇာရဲ့ပရိသတ်တွေကတော့ သင်ဇာရှိရာအရပ်ဆီ အရောက်လာမယ်ဆိုပြီး ကောမန့်တွေပေးကာ ပြန်လည်ပြောဆိုထားကြတာကိုလဲ တွေ့ရပါတယ်။ အချိန်ကတော့ ညနေ (၄:၃၀) ကနေ (၆:၃၀) မို့ သင်ဇာချစ်တဲ့ပရိသတ်တွေ သွားရောက်တွေ့ဆုံနိုင်ကြောင်း သတင်းကောင်းလေးပေးလိုက်ပါတယ်နော်….

 


14 Feb 2019     1,421 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment