BEC-TERO TV

အာဆင်နယ်အသင်းထံ ဆန်ချို ကိုခေါ်ယူဖို ကြိုးစားခဲ့တဲ့ဆိုတဲ့ အာစင်ဝင်းဂါး

14 Feb 2019     1,234 Views


ဒေါမွန်အသင်းမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် ဆန်ချို ကို မန်စီးတီးမှာ ကစားစဉ်ကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့တယ်လို့ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်ဂါးက ဆိုပါတယ်။

ဘွန်ဒလီဂါ ကလပ် ဒေါ့မွန်မှာ ကစားနေတဲ့ အသက် ၁၈ အရွယ် အင်္ဂလန် ကစားသမားလေး ဆန်ချိုကို သူရဲ့တိုးအား ၊ အလိမ်အခေါက်၊ ဘောလုံးကျွမ်းကျင်မှုတွေကြောင့် အသင်းတော်တော် များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ မနေ့က စပါးအသင်းကို ၃-၀ ဖြင့်ရှုံးနိမ့်ခဲ့ပေမဲ့ ဆန်ချို၏ လုပ်အားနှုန်း အမိုက်စားတွေ ကို မြင်တွေ့ ခဲ့ရပါတယ်။

အာဆင်နယ်အသင်း၏ နည်းပြဟောင် အာစင်းဝင်းဂါးကြီးကတော့ “ဆန်ချိုကို မန်စီးတီးမှာ ကစားကတည်းက အာဆင်နယ်အသင်းထံ ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ ” beIN သတင်းဋ္ဌာနဲ့ တွေ့ ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူဟာ တစ်ကယ်ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ လူငယ်ကစားသမားတွေထဲ့မှ အကောင်းဆုံး လူငယ်တစ်ယောက်ပါ ။ ဆန်ချိုရဲ့ အလိမ်အခေါက်တွေက ဆန်းပြားတယ်။ အသင်းတိုင်းက မက်မော လိုချင်လောက်တဲ့ ခြေစွမ်းတွေရှိတယ်။ သူဟာ ဒီထက်ပိုပြီး ကြီးကျယ်တဲ့ ကစားသမား တစ်ယောက်ဖြစ်လာနိုင်ပါတယ်။လူငယ် ကစားသမားတစ်ယောက်အနေနဲ့ ဖိအားတွေရှိလာနိုင်ပေမဲ့လည်း ဒီဖိအားတွေကို စိန်ခေါ်သွားဖို့ လိုအပ်တယ်လို့  ” အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါးက ဆိုပါတယ်။


14 Feb 2019     1,234 Views




RELATED

Most Popular of Football

Most Popular of Sport