BEC-TERO TV

ချစ်သက်တမ်း နှစ်၂၀ ပြည့်နေ့မှာ အပီအပြင်ရိုပြလိုက်တဲ့ခင်ပွန်းကြောင့် မျက်ရည်ပါကျခဲ့ရတဲ့ စမိုင်းလ်

14 Feb 2019     1,265 Views


စမိုင်းလ်ကိုတော့ ပရိသတ်ကြီးအားလုံးက ဟိုအရင်ချိန်ကတည်းက ရင်းနှီးပြီးသားဖြစ်မှာပါနော်။ ငယ်ရွယ်စဉ်အချိန်ကတည်းက အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ်စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိခဲ့သူပါ။ ဆန်းပြားတဲ့နာမည်လေးနဲ့ သူမတူထူးခြားတဲ့ ရုပ်ရည်သွင်ပြင်လေးကြောင့်ပဲ ပရိသတ်တွေက စတင်သတိထားမိခဲ့ပြီး ချစ်ခဲ့ကြရတာပါ။ အိမ်ထောင်ကျပြီးနောက် ရေမြေခြားကိုထွက်ခွာသွားပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားပေမယ့် ပရိသတ်တွေကတော့ ချစ်မြဲချစ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ကိုပြန်ရောက်လာချိန်မှာ ပရိသတ်တွေကို အရင်တုန်းက အချစ်တွေအတိုင်း ဆက်လက်ချစ်ခင်အားပေးနေတာပါ။

ဒီကနေ့ ချစ်သူများနေ့ကတော့ စမိုင်းနဲ့ သူမခင်ပွန်းရဲ့ ချစ်သက်တမ်းနှစ် (၂၀) ပြည့်တဲ့နေ့လေးဖြစ်ပါတယ်။ ချစ်သူများနေ့လည်းဖြစ် ချစ်သက်တမ်း နှစ် (၂၀) ပြည့်တဲ့နေ့လဲဖြစ်တာကြောင့် စမိုင်းရဲ့ခင်ပွန်းဖြစ်သူက အမှတ်တရဖြစ်အောင် စပရိုက်အကြီးကြီးလုပ်ကာ အပီအပြင်ကိုရိုပြလိုက်တာပါ။ စမိုင်းလ်တို့ ဇနီးမောင်ရဲ့ ချစ်သက်သေပန်းလေးဖြစ်တဲ့ နေကြာပန်းပေါင်းမြောက်များစွာကို တစ်အိမ်လုံးအနှံ့ အစီအရီခင်းကျင်းပြီး Surprise လုပ်ပေးခဲ့တာပါ။ ခရီးကပြန်ရောက်ရောက်ချင်း ခင်ပွန်းဖြစ်သူရဲ့ စပရိုက်ကြောင့် စမိုင်းလ်တစ်ယောက် မျက်ရည်မဆည်နိုင်အောင် ၀မ်းသာပီတိဖြစ်ခဲ့ရပါတယ်။

ဒ့ါအပြင် အမှတ်တရတွေပြည့်နေတဲ့နေ့လေးမှာ အမှတ်တရစကားလေးကိုပါ သူမရဲ့လူမှုကွန်ယက်ကနေ ရေးသားထားခဲ့ပါတယ်။ “မွေးကတည်းကစကားများတဲ့ကျမနဲ့ တစ်နေကုန်စကားတစ်ခွန်းမပြောတဲ့မောင့်ကို ဘုရားကတွေ့ပေးကတည်းကတစ်သက်လုံးညားမယ်ဆိုတာကြိုသိနေတယ်..ဘယ်သူကိုမှစကားမပြောပေမဲ့ ချစ်ကိုဘယ်ကိစ္စမဆိုအစအဆုံးရင်ဖွင့်တတ်တဲ့မောင် မျက်စိနှစ်လုံးပွင့်ရင်ချစ်မျက်နှာကိုကြည့် ချစ်ပျော်မှမောင်ပျော်တယ် ချစ်စိတ်ညစ်နေရင်မောင်လိုက်စိတ်ညစ်တယ်.. တစ်လောကလုံးကိုမရီမပြုံးပဲဆက်ဆံပေမဲ့ ချစ်နဲ့တွေရင်ငပေါလေးတစ်ယောက်လိုချစ်စရာကောင်းပြီးစနောက်တတ်တဲ့မောင်ချစ်ကိုချစ်တဲ့သူတွေကိုအရမ်းချစ်ပေး ဝမ်းသာပေးတဲ့မောင် ဖုန်းတစ်လုံးမှာမိန်းမဓါတ်ပုံ ၇ထောင်ကျော် သူ့ပုံတစ်ပုံမှမရှိတဲ့မောင်အမြဲချစ်ပေးနော် အမြဲဂရုစိုက်ပေးနော် အမြဲ live လွှင့်ပေးစရာတော့မလိုပါဘူးဟီးး မောင့်ကိုအဖြေပေးခဲ့တာဒီနေဆို နှစ်၂၀ ရှိပြီ အရင်အတိုင်းပဲချစ်ပေးနေတဲ့မောင့်ကိုကျေးဇူးကမ္ဘာ အခါတစ်သိန်းပါ ချစ်မြဲချစ်ဆဲမောင့်အတွက် Happy 20th anniversary of loving” ဆိုပြီး ရေးသားထားပါတယ်။

စမိုင်းလ်နဲ့ထပ်တူ အပျော်တွေကို မျှဝေခံစားနိုင်ဖို့ ဗီဒီယိုဖိုင်လေးကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။

 


14 Feb 2019     1,265 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment