BEC-TERO TV

အိမ်ထောင်ကျပြီးမှ ရုတ်တရက်ရိုလာတဲ့ ခင်ပွန်းကြောင့် လိုချင်တာတွေပါရလိုက်တဲ့ ပိုင်ဖြိုးသု

15 Feb 2019     1,547 Views


သရုပ်ဆောင်မင်းသမီးလေး ပိုင်ဖြိုးသုကတော့ အနုပညာလောကထဲကို ၀င်ရောက်တာကြာပြီဖြစ်ပေမယ့် ပရိသတ်တွေကြား နာမည်ကြီးအောင်မြင်ခဲ့တာတော့ နှစ်သိပ်မကြာသေးဘူးလို့ ဆိုရပေမည်။ သို့ပေမယ့်လည်း သူမရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်ကြောင့် အကယ်ဒမီဆုကိုပါ သိမ်းပိုက်ရရှိထားသူလေးဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာဆိုရင် ချစ်သူဖြစ်သူ ဒါရိုက်တာဏကြီးနဲ့ ရွှေလက်တွဲကာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုကို စတင်ပုံဖော်နေတဲ့ အသစ်စက်စက်ဇနီးမောင်နှံပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက အနုပညာလောကသားတွေမို့ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရင်း ပျော်ရွှင်တဲ့နေ့ရက်တွေကို ရှေ့ဆက်လျှောက်လှမ်းနေကြတာပါ။

ရိုမဆန်တတ်တဲ့ ယောကျာ်းလေးထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ ကိုဏကြီးကတော့ တစ်ခါမှမရိုစဖူး ချစ်ဇနီးလေးကို ရိုပြလိုက်ပါတယ်။ ချစ်သူဘ၀မှာ တစ်ခါမှမရိုဘူးတဲ့ ကိုဏကြီးက အိမ်ထောင်ကျပြီးမှ ရုတ်တရက် ရိုပြလိုက်တာကြောင့် သုသုတစ်ယောက်လည်း အပျော်ကြီးတွေပျော်ကာ အံသြ၀မ်းသာပါဖြစ်သွားခဲ့ရပါတယ်။ တစ်ခါမှ ရိုဆန်တာတွေမလုပ်ပေးဖူးတဲ့ ခင်ပွန်းဖြစ်သူကြောင့် စိုးရိမ်နေခဲ့ရပေမယ့် မရိုတတ်ရိုတတ်နဲ့ ရိုပြလိုက်တဲ့အချိန်မှာတော့ သုသုတစ်ယောက်လိုချင်တာတွေပါ ရသွားခဲ့လို့ အရမ်းကိုပျော်ရွှင်နေကာ သူမရဲ့ My Day ကနေ အပျော်တွေကို မျှဝေလိုက်တာပဲဖြစ်ပါတယ်။

ရိုဆန်တာတွေ မလုပ်တတ်ပေမယ့် Valentine’s Day မှာ သူများတွေနည်းတူ ချစ်ဇနီးလေးပျော်ဖို့အတွက် ရိုပြလိုက်တာကြောင့် ပရိသတ်တွေကတော့ သဘောကျမဆုံးဖြစ်လို့နေပါတယ်။ ပရိသတ်ကြီးထဲမှာရော ကိုယ့်ချစ်သူပျော်ဖို့ဆိုရင် မလုပ်တတ်ဘူးဆိုတာတွေကိုတောင် လုပ်ပေးကြတဲ့သူတွေရှိလား….

 


15 Feb 2019     1,547 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment