BEC-TERO TV

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ရော်နယ်ဒိုရဲ့ သားဖြစ်သူနဲ့ မက်စီရဲ့ သားကို နှိုင်းယှဉ်ပြထားတဲ့ မတူညီတဲ့ စရိုက်လက္ခဏာ ဗီဒီယို

15 Feb 2019     1,341 Views


ဘောလုံးလောကမှာ ရော်နယ်ဒို နဲ့ မက်စီ ဘယ်သူကပိုကောင်းလဲလို့ မေးရင် အဖြေတစ်ယောက် တစ်မျိုးနဲ့ အငြင်းပွားစရာတွေဖြစ်နေမှာပါ။ တစ်ကယ်လည်း အောင်မြင်မှု ကိုယ်စီ ကိုယ်စီ ရယူထား နိုင်ခဲ့တာ ဖြစ်ပါတယ်။သူတို့နှစ်ယောက်ပြိုင်ဆိုင်သလိုပဲ တွစ်တာ သုံးစွဲသူတွေကြားမှာ အငြင်းပွားစရာတွေ ဖြစ်နေခဲ့ပြီး သူတို့ရဲ့ ကလေးနှစ်ယောက်ရဲ့ မတူညီတဲ့ သဘောသဘာဝ နှိုင်းယှဉ်မှုတွေ ရှိခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ သူရဲ့သားငယ် ဂျူနီယာကို သူ့ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခိုင်းခဲ့ပြီး ကလေးတစ်ယောက်အနေနဲ့ အားကစားကို စိတ်ဝင်စားလာဖို့ ကြိုးစားခဲ့တာပါ။ သူလို့ပဲ အောင်မြင်မှုတွေ ရနိုင်ဖို့ ကြိုးစား အားထုတ်စေခဲ့တာဖြစ်ပါတယ်.။

ခရစ္စတီယာနို ရော်နယ်ဒို ဂျူနီယာ ဟာလည်း ဂျူဗင်တပ်စ်လူငယ်အသင်းမှာ ကစားနေပြီ ဖြစ်ပြီး သူ့အဖေလိုပဲ ဂိုးသွင်းကောင်းသူ တစ်ယောက်ပါ၊ ဖရီးကစ်တွေမှာလည်း အလွန်သေသပ်လှပအောင်သွင်းယူနိုင်ပြီး အလိမ့်အခေါက်တွေမှာလည်း ကြိုးစားအားထုတ်မှု ကောင်းမွန်တာကိုတွေ မြင်ခဲ့ရပါတယ်။ သူ့ရဲ့သားငယ် ဂျူနီယာဟာ ဖခင်ခြေရာနင်းနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ မက်ဆီရဲ့ သားငယ်လေး သီယာဂို ကို တွေ့ရမှာဖြစ်ပြီး မက်ဆီဟာ သီယာဂို ကို သူ့လိုဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့ထက် ကလေးတစ်ယောက် ပီသအောင် နေထိုင်ဖို့ကိုပဲ ပိုပြီး ဦးစားပေးခဲ့တာကို တွေ့ရမှာပါ။သီယာဂို ဟာ ပုံဆွဲတာ ၀ါသနာပါသူဖြစ်ပြီး ကလေးတွေရဲ့ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ကစားနေရတာကိုပဲ ကြိုက်သူပါ။ မက်ဆီနဲ့အတူ ဘောလုံးပွဲတွေဆီ လိုက်လာလေ့ ရှိပေမယ့် ဘောလုံးပွဲကို စိတ်ဝင်တစားနဲ့ ကြည့်နေတတ်သူ မဟုတ်ပါဘူး။

ပရိတ်သတ်တွေကတော့ ကလေးငယ်တွေဟာ ငယ်သေးတဲ့အချိန်မှာ သူတို့ရဲ့ သဘာဝအတိုင်း လွတ်လွတ်လပ်လပ်ရှိနေတာ အကောင်းဆုံးလို့ မှတ်ချက်ပေးနေကြသလို့ တစ်ချို့ကလည်း ရော်နယ်ဒို ကသာ ဖခင်ကောင်းတစ်ယောက်လို့ ချီကျူးကြတာမျိုးလည်းရှိပါတယ်။

သီယာဂို နဲ့ ဂျူနီယာ တို့ နှိုင်းယှဉ်ပြထားတဲ့ ဗီဒီယို >> 


15 Feb 2019     1,341 Views




RELATED

Most Popular of Football

Most Popular of Sport