BEC-TERO TV

One Direction မှာ(၅)ယောက် အတူရှိခဲ့တဲ့အချိန်တွေကို တမ်းတမိတယ်လို့ပြောလိုက်တဲ့ Liam Panye

15 Feb 2019     1,430 Views


2011 ခုနှစ်မှာ ‘What makes you beautiful’ သီချင်းနဲ့ ပွဲဦးထွက်လာတဲ့ 1D လို့ပြောရင်တော့ ပရိတ်သတ်ကြီးနဲပ သိပ်စိမ်းလိမ့်မယ်မထင်ပါဘူး။ 1D  ကို the X Factor Britain ပြိုင်ပွဲက ဒိုင်တစ်ဦးဖြစ်တဲ့ ဆိုင်မွန်ကိုဝဲလ် ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဆိုင်မွန်က X Factor Britain 2010 မှာလာရောက်ယှဉ်ပြိုင်တဲ့ လူတွေထဲက သူမျက်စိကျနှစ်သက်တဲ့ကောင်လေး (၅)ယောက်ကို စကားတင်ရွေးထုတ်ပြီးအဖွဲ့ဖွဲ့စေခဲ့တာဖြစ်ပါတယ်။

2015 ခုနှစ်မှာ အဖွဲ့ထဲကနေ Zayn Malik က အဖွဲ့ဝင်အဖြစ်နှုတ်ထွက်ကာ တစ်ကိုယ်တော် အဆိုတော်အဖြစ်ဆက်လက်ရပ်တည်ခဲ့ပါတယ်။ Zayn ထွက်သွားပြီး နောက်ပိုင်း ကျန်တဲ့အဖွဲ့ဝင် (၄) ယောက်နဲ့ သီချင်းတွေထွက်ရှိခဲ့ပေမယ့် ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။

Zayn ကတော့ တစ်ကိုယ်တော်အဆိုတော်အဖြစ် ဆက်လက်အောင်မြင်လျက်ရှိပါတယ်။ ဒီကြားထဲ ထွက်လာတဲ့ ကောလာဟာလသတင်းတွေကတော့ Zayn နဲ့ 1D အဖွဲ့သား လေးယောက်တို့ ဆက်ဆံရေးမပြေလည်ခဲ့ကြဘူးဆိုတာပါပဲ။ Zayn ကိုယ်တိုင်ကလဲ 1D အဖွဲ့မှာ သူငယ်ချင်းတစ်ယောက်မှမရှိခဲ့ဘူးလို့ ပြောဆိုဖူးပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအနည်းငယ်က Zayn တစ်ယောက် ‘Good Years’ ဆိုတဲ့သီချင်းအသစ်ထွက်ရှိခဲ့ပါတယ်။ သီချင်းစာသားတွေထဲမှာ One direction အဖွဲ့သားတွေနဲ့ အတူရှိခဲ့တဲ့ အချိန်တွေကိုသတိရမိကြောင်းရေးစပ်သီဆိုထားတာတွေ့ရပါတယ်။ ဒါကို 1D အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Louis က ‘ခုမှကြောင်သူတော်လို ဟန်မဆောင်နဲ့’ ဆိုပြီး Zayn ရဲ့ twitter မှာ ရေးသားပြောဆိုနေခဲ့ပါတယ်။

One direction ဟာ ၂၀၁၁ မှာပွဲဦးထွက်ခဲ့တာဖြစ်ပြီး Brit 2012 awards မှာ ပထမဦးဆုံး ဆုရရှိဖူးတာဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ The Brit 2019 ဆုပေးပွဲကြီးကို ကျင်းပတော့မှာဖြစ်တဲ့အတွက် အဖွဲ့ဝင် Liam Payne က 1D ပထမဦးဆုံး အဖွဲ့ဝင်(၅)ယောက်အနေနဲ့ ဆုရရှိခဲ့တဲ့အချိန်တွေကို တမ်းတမိကြောင်း instagram မှာ ပို့စ်ရေးသားတင်ခဲ့ပါတယ်။

‘ငါတို့ Brit မှာပထမဦးဆုံး ဆုကို ဆွတ်ခူးရရှိခဲ့တာ (၇) နှစ်တိုင်တိုင်ရှိခဲ့ပြီ၊ ပြောင်းလဲမှုတွေအများကြီးဖြစ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်နေကြရပေမယ့် မင်းတို့တွေက ငါ့အတွက်တော့မိသားစုဝင်တွေလိုပါပဲ၊ မင်းတို့တွေရဲ့ ဘဝအစိတ်အပိုင်း တစ်ခုမှာပါဝင်ခွင့်ရလို့ ငါတကယ်ဂုဏ်ယူမိတယ်’ လို့ရေးသားခဲ့ပါတယ်။

1D ပရိတ်သတ်အများစုက Zayn နဲ့ Liam တို့ကို အဆင်မပြေဘူးလို့ယူဆခဲ့ကြပြီး ယခုလို Liam က (၅) ယောက်လုံးကိုသတိတရရှိတယ်လို့ ပြောလိုက်တဲ့အတွက် ဖန်တွေ ဝမ်းသာပျော်ရွှင်နေကြပါတယ်။ သူတို့ (၅) ယောက်ကို အတူတကွတွေ့ရဖို့ စောင့်မျှော်နေမယ်လို့ ဖန်အများစုက Liam ရဲ့ ပို့စ်အောက်မှာ မန့်ရေးသားခဲ့ကြပါတယ်။

ပရိတ်သတ်ကြီးရေ One Direction ကိုအရင်လို လူ(၅) ယောက်အဖြစ်ပြန်လည် မမြင်တွေ့ချင်ကြဘူးလား။

 


15 Feb 2019     1,430 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS