BEC-TERO TV

အိပ်မက်ထဲမှာ မင်္ဂလာဆောင်ရတယ်လို့မြင်မက်တဲ့အခါဘာတွေဖြစ်တတ်သလဲ?

15 Feb 2019     2,168 Views


၁။ စိတ်ကူးထဲကပုံစံ အမျိုးသား(သို့) အမျိုးသမီးနဲ့ လက်ထပ်ရတယ်လို့အိပ်မက်မက်တဲ့အခါ

သင့်စိတ်ကူးထဲက လိုချင်တဲ့ ideal type လူနဲ့ လက်ထပ်ရတယ်လို့ အိပ်မက်မြင်မက်တာဟာ သင်မျှော်လင့်စောင့်စားနေတဲ့  ကြီးကျယ်ခမ်းနားမှုမျိုး မကြာခင် သင့်ဆီရောက်ရှိလာတော့မယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။

၂။ မင်္ဂလာပွဲမှာ တောက်ပခမ်းနားလှတဲ့ ဝတ်စုံကိုဝတ်ဆင်ထားရတယ်လို့ အိမ်မက်မြင်မက်လျှင်

မင်္ဂလာပွဲတစ်ခုမှာ သင်ဟာအဓိက လူတစ်ယောက်ဖြစ်ပြီး တောက်ပပြီး လှပလွန်းတဲ့ဝတ်စုံကို ဝတ်ဆင်ထားရတယ်လို့ အိပ်မက်မက်တာဟာ စိတ်ညစ်စရာ ကိစ္စရပ်တွေသင့်ဆီရောက်ရှိလာတော့မှာဖြစ်ပါတယ်။

၃။ ရည်းစားဟောင်းကို လက်ထပ်ရတယ်လို့အိပ်မက်မက်တဲ့အခါ

ရည်းစားဟောင်းနဲ့ လက်ထက်ရတယ်လို့ အိပ်မက်မက်တာဟာ သင့်စိတ်တွေ ကစဉ့်ကလျားဖြစ်နေတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။

၄။ တစ်ယောက်မှ မင်္ဂလာပွဲကိုမလာဘူးလို့ အိပ်မက်မက်တဲ့အခါ

ကိုယ်တိုင်ကျင်းပပြုလုပ်တဲ့ လက်ထပ်မင်္ဂလာပွဲကို တစ်စုံတစ်ယောက်မျှ တက်ရောက်ခြင်းမရှိဟု အိပ်မက်မြင်မက်တာဟာ သင်ကိုယ်တိုင်သတိမထားမိတဲ့ သင့်ရဲ့ လိုအပ်ချက်တွေကိုမကြာခင်သိရှိနိုင်တော့မယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။

၅။ ဘယ်သူမှမသိအောင် လက်ထပ်မင်္ဂလာပွဲပြုလုပ်ရတယ်လို့ အိပ်မက်မက်တဲ့အခါ

ဘယ်သူမှမသိအောင် တိတ်တဆိတ်လက်ထပ်မင်္ဂလာပွဲပြုလုပ်ရတယ်လို့ အိပ်မက်မြင်မက်တာဟာ ကိုယ်တိုင်မလွဲမသွေကြုံတွေ့ရတော့မယ့် ပြဿနာအချို့ ပေါ်ပေါက်လာတော့မယ်လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။

၆။ လက်ထပ်ပွဲကျင်းပတဲ့နေရာကို နောက်ကျမှရောက်တယ်လို့ အိပ်မက်မြင်မက်တဲ့အခါ

မင်္ဂလာပွဲ အလျင်မမှီတော့ပဲနောက်ကျနေတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင် သင့် relationship မှာမျက်ရည်ကျစရာ ကိစ္စရပ်တွေဖြစ်ပေါ်လာတော့မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

၇။ မင်္ဂလာပွဲကျင်းပနေပေမယ့် ဘေးနားမှာလူသေရောက်နေတယ်လို့ အိပ်မက်မြင်မက်လျှင်

သင့်လက်ထပ်မင်္ဂလာပွဲကို ခမ်းနားစွာကျင်းပနေပေမယ့်ဘယ်ကမှန်းမသိတဲ့ လူသေအလောင်းတစ်ခု ရောက်ရှိလာပြီး ဧည့်ပရိတ်သတ်အပေါင်းက လူသေကိုပဲ အာရုံထားအလေးပေးနေတယ်လို့ အိပ်မက်မြင်မက်တယ်ဆိုရင် အထူးသတိထားရမှာပါ။ 
 
မကြာခင် စီးပွားရေး ကျဆင်းမှုတွေဖြစ်ပေါ်လာတော့မယ်လို့ သတိပေးခြင်းပဲဖြစ်ပါတယ်။ အထက်ဖော်ပြပါ အိပ်မက်တွေထဲက ဘယ်လိုအိပ်မက်တွေမက်ဖူးပြီးပြီလဲ ပြောပြခဲ့ပဦး ပရိတ်သတ်ကြီးရေ။
 
(ပိုပိုလေး)

15 Feb 2019     2,168 Views




RELATED

Most Popular of Special or Others

Most Popular of Life Style