BEC-TERO TV

မလေးရှားလေယာဉ် MH370 ပျက်ကျမှုဟာ အဆုံးစီရင်မှုဖြစ်ကြောင်း လေကြောင်းကျွမ်းကျင်သူ အခိုင်အမာပြောဆို

15 Feb 2019     1,875 Views


လေယာဉ်ပျောက်ဆုံးခဲ့တာ ၅ နှစ်နီးပါးရှိတော့မည့် မလေးရှားခရီးသည်တင်လေယာဉ် MH370 ရဲ့ ဖြစ်စဉ်ဟာ လေယာဉ်မှူး ဒါမှမဟုတ် လေယာဉ်မှူးအကူရဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုနဲ့ လူသတ်မှုဖြစ်ကြောင်း ကနေဒါလူမျိုး လေကြောင်းကျွမ်းကျင်သူက အခိုင်အမာ ပြောဆိုလိုက်သည်။
 
 
လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေးအရာရှိဟောင်း Larry Vance က လေယာဉ်မှူး Zaharie Ahamad Shah ဒါမှမဟုတ် သူ့ရဲ့ အကူလေယာဉ်မှူး Fariq Abdul Hamid တစ်ယောက်ယောက်ရဲ့ ကြိုတင်ကာ သေကြောင်းကြံစည်ခဲ့တာ သေချာကြောင်း ပြောဆိုခဲ့ပါတယ်။
 
 
MH370 လေယာဉ်ဟာ ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူကနေ ဘေကျင်းမြို့ကို ပျံသန်းစဉ် လမ်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်များနဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါ ပျောက်ဆုံးခဲ့ပါတယ်။
 
ဒါဟာ မတော်တဆမှု မဟုတ်ပါဘူး၊ လေယာဉ်ကို ထိန်းချုပ်သူ တစ်ယောက်ယောက်က အစီစဉ်ချပြီး လုပ်သွားတာပါ” လို့ Larry Vance က CBC သတင်းဌါနနဲ့ မိနစ် ၆၀ စကားဝိုင်း အင်တာဗျူးမှာ ပြောဆိုပါတယ်။ သူ့ရဲ့ပြောကြားချက်အရ လေယာဉ်မှူး ဒါမှမဟုတ် အကူလေယာဉ်မှူး တစ်ယောက်ယောက်က လေယာဉ်ကို အဆက်အသွယ် မရနိုင်တဲ့ သမုဒ္ဒရာထဲက တစ်နေရာကို မောင်းနှင်သွားပြီး ဘယ်သူကမှ ရှာမတွေ့နိုင်အောင် လုပ်ခဲ့တာပါလို့ ဆိုပါတယ်။
 
 
ပြန်လည်ရှာတွေခဲ့တဲ့ လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို လေ့လာစမ်းစစ်ပြီးနောက် လေယာဉ်ရဲ့တောင်ပံကို ထိန်းတဲ့ ဖလက်ပြားဟာ အောက်စိုက်နေတဲ့ အနေအထားနဲ့တွေ့ခဲ့ရပါတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် လေယာဉ်ဟာ အနည်းဆုံးအရှိန်နဲ့ သမုဒ္ဒရာထဲကို ရည်ရွယ်ချက်ရှိရှိ ထိုးဆင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
ကျွန်တော့်ဘက်က ရာနှုန်းပြည့်ယုံကြည်တယ်၊ လေယာဉ်က ရေပြင်ထဲကို စနစ်တကျထိမ်းချုပ်ပြီးမှ ဆင်းသွားတယ်ဆိုတာကို ဖလက်ပြား ဆန့်ထုတ်ထားမှုက သက်သေပြနေပါတယ်”
ဒီလိုအနေအထားဖြစ်ဖို့ဆိုတာ လေယာဉ်ကို တစ်ယောက်ယောက်က မောင်းနှင်နေမှ လုပ်လို့ရတာမျိုးပါ
 
Vance က MH730 နဲ့ပက်သက်ပြီး ၁၈ လကြာ လေ့လာစမ်းစစ်ထားတဲ့ စာအုပ်ကိုလည်း ထုတ်ပြခဲ့ပါတယ်။ အခုလို စုံစမ်းစစ်ဆေးမှုဟာ သြစတြေးလျား သယ်ယူပို့ဆောင်မှု လုံခြုံရေးဗျူရိုရဲ့ တရားဝင် စစ်ဆေးချက်မဟုတ်ပေမယ့် ကိုးကားလို့တော့ ရပါတယ်။
 
 
သြစတြေးလျား သယ်ယူပို့ဆောင်မှု လုံခြုံရေးဗျူရိုရဲ့ ဦးဆောင်သူဟောင်း Martin Dolan ကတော့ လူသတ်မှုနဲ့ သေကြောင်းကြံစည်မှု ဖြစ်တယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေ မပြည့်စုံသေးသလို ဖလက်ပြားက အောက်စိုက်တဲ့အနေအထားဆိုတာလည်း ထင်ကြေးပေးခြင်းမျှသာဖြစ်တယ်လို့ ပြန်လည်ချေပထားပါတယ်။
 
ပြီးခဲ့တဲ့လက အင်ဒိုနီးရှား တံငါသည်တစ်ဦးဟာ MH370 ပျက်ကျတာကို မျက်မြင်ကိုယ့်တွေ့ တွေ့လိုက်ရပြီး GPS နဲ့ နေရာပါမှတ်ထားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ လေယာဉ်ဟာ ဘာစက်သံ ဆူညံသံမှ မကြားရပဲ မီးခိုးတစ်လူလူနဲ့ ကောင်းကင်ကနေ ဖြည်းဖြည်းချင်း သမုဒ္ဒရာထဲကို ထိုးဆင်းသွားခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
 
 
သူ့ရဲ့ထွက်ဆိုချက်အရဆိုရင် Larry Vance ရဲ့ တွက်ဆချက်နဲ့ နီးစပ်မှုရှိသော်လည်း တမင်ရည်ရွယ် သေကြောင်းကြံစည်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကို သက်သေပြဖို့ အထောက်အထားတွေ လိုနေပါသေးသည်။
 

15 Feb 2019     1,875 Views




RELATED

Most Popular of International News

Most Popular of NEWS