BEC-TERO TV

တောင်းဆိုချက် ၃ ခုကို လိုက်လျောပေးရင် ချလ်ဆီးအသင်းကို နည်းပြမယ်ဆိုတဲ့ ဇီဒန်း

18 Feb 2019     1,272 Views


ရီးရဲလ်မက်ထရစ် နည်းပြရာထူးကနေ နှုတ်ထွက်ပြီး အနားယူနေတဲ့ ပြင်သစ်သားကြီး ဇီဒန်းဟာ ချလ်ဆီးအသင်းကို သူနည်းပြခွင့်ရရှိဖို့အတွက် ဆန္ဒရှိနေတယ်ဆိုတာ ထုတ်ပြောပြောဆိုလိုက်ပါတယ်။

ဇီဒန်းဟာ ချလ်ဆီးအသင်းအနေနဲ့ သူကို ကတိ ၃ ခုပေးပါက ချလ်ဆီးအသင်းကို ကိုင်တွယ်ဖို့ ဖြစ်လာနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ သူတောင်းဆိုတဲ့ အချက် ၃ ချက်ကတော့

၁. လက်ရှိ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဟာဇက်ကို အသင်းမှာ ဆက်ထိန်းထား နိုင်ဖို့ အရေး ၊ ကလပ်အသင်းဘက်ကနေ ထွက်မသွားနိုင်ဖို့ ထိန်းသိမ်းထားနိုင်ရမယ်။

၂.အပြောင်းရွှေ့ အသုံးစာရိတ် အဖြစ် ပေါင် သန်း ၂၀၀ အထိ သုံးစွဲခွင့်ပေးဖို့ကို ကလပ် အသင်းဘက်က အာမခံချက် ပေးရမှာ ဖြစ်ကာ ၊ အသင်းမှာ အံ့မဝဝင်တော့တဲ့ ကစားသမား တွေကို ရောင်းထုတ်ခွင့်ရှိရမည်။

၃. ကစားသမားသစ်ခေါ်ယူရေး အပြောင်းအရွေ့ ကိစ္စမှာ သူက ချလ်ဆီးအသင်း ဒါရိုက်တာ မာရီနာလိုပဲ သူ့ကို လုပ်ပိုင်ခွင့် တန်တူပေးရမယ်ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။

အခုချိန်အထိ ဇီဒန်းဟာ လက်ရှိနည်းပြ ဆာရီအပေါ်လေးစားမှုရှိကြောင့် ၊ ကလပ်အသင်းဘက်က ရှင်းရှင်းလင်းလင်း သိရမှ ဒီကိစ္စတွေကို ဆက်လတ် ဆွေးနွေးသွားမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။

ချလ်ဆီးအသင်း၏ လက်ရှိအခြအနေဟာ နည်းပြ ဆာရီရဲ့အောက်မှာ အသင်းခြေစွမ်းဟာ တည်ငြိမ်မှုမရှိဘဲ မကြာသေးမီကမှ မန်စီးတီးအသင်းကို ၆ ဂိုးပြတ် ၊ ဘုန်းမောက် အသင်းကို ၄ ဂိုးပြတ်ရှုံးနိမ်ထားခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက်ပါ စိုးရိမ်စရာဖြစ်လာနေပါတယ်။ နည်းပြဆာရီလည်း အသင်းမှထုတ်ပယ်ခံဖို့အတွက် ဘွတ်ကီတွေရဲ့ အလေးပေးမှာ ထိပ်ဆုံးမှ ပါဝင်နေခဲ့တာဖြစ်ပါတယ်။


18 Feb 2019     1,272 Views




RELATED

Most Popular of Football

Most Popular of Sport