BEC-TERO TV

အောင်လအန်ဆန်းရဲ့ လေ့ကျင့်ပေးမှုနဲ့ ပြိုင်ဘက်ကို ပွဲဦးထွက်မှာ အနိုင်ယူမည့် “တီရယ်လ်ထန်”

18 Feb 2019     1,614 Views


ယခုလာမည့် မတ်လ ၈ ရက်နေ့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီးတွင် ပြုလုပ်မည့် ONE: Reign Of Valor သိုင်းပေါင်းစုံ MMA ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား ၃ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ထိုအထဲတွင် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား “တီရယ်လ်ထန် (နဂါးပတ်)” လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
 
 
“တီရယ်လ်ထန်” ဟာ ချင်းပြည်နယ် ဟားခါးမြို့တွင် Greco-Roman စတိုင်လ် နပန်းအားကစားနည်းကို လေ့ကျင့်ခဲ့ပြီး အပျော်တန်းပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ပြီးနောက် Hard Knocks 365 တွင် ယှဉ်ပြိုင်ရန် အရည်ချင်းပြည့်မီတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။
 
 
ONE Championship နဲ့ ပထမဦးဆုံး စာချုပ် ချုပ်ဆိုခဲ့ပြီး သူ့ရဲ့ အိပ်မက်တွေကို မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံနဲ့  မြန်မာပရိသတ်များရဲ့ ရှေ့မှောက်မှာ ချပြဖို့အတွက် လာမည့် မတ်လ ၈ ရက်နေ့မှာ ကမ္ဘောဒီးယား ခမာလက်ဝှေ့ကစားသမား Rin Saroth နဲ့ ဖယ်သာဝိတ်တန်းတွင် ပွဲဦးထွက် ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။
 
အဆိုပါပြိုင်ပွဲအတွက် “တီရယ်လ်ထန်” ကို မြန်မာ့စပါးအုန်း “အောင်လအန်ဆန်း” က ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးလျှက်ရှိပါတယ်။ “အောင်လအန်ဆန်း” ရဲ့ လေ့ကျင့်သင်ကြားပေးမှုကို ခံယူဖို့က သူ့ရဲ့ အိမ်မက်တစ်ခုလည်း ဖြစ်တယ်လို့ ရုပ်သံအင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
 
 
 
ပြိုင်ဖက်ဖြစ်တဲ့ Rin Saroth ကို ပထမ သို့မဟုတ် ဒုတိယအချီမှာ အနိုင်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အောင်မြင်ဖို့အတွက် ယုံကြည်ချက်တွေလည်း ရှိကြောင်း ပြောကြားခဲ့ပါတယ်။
 
မတ်လ ၈ ရက်နေ့မှဦ ပြုလုပ်မယ့် ONE Championship ရဲ့ Reign Of Valor မှာ “တီရယ်လ်ထန်” နဲ့အတူ မြန်မာတို့ရဲ့အချစ်တော် “ဖိုးသော်” နဲ့ မြန်မာအမျိုးသမီးကစားသမား  “ဘိုဇန်နာ အန်တိုနီယာ” တို့ကလည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
 
ONE Championship ပွဲလက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ပြီး အောက်ပါနေရာတွင် စုံစမ်းဝယ်ယူနိုင်ပါသည်။
 
My AsiaTicket : အခန်း ၇၀၃၊ ရွှေသံလွင်ကွန်ဒို၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အေးရိပ်သာ (၁) လမ်း၊ ဗဟန်းမြို့နယ်။ 
ဖုန်း − ၀၁ ၅၄ ၉၂ ၉၇ 
Website : MyAsiaTicket.com
 

18 Feb 2019     1,614 Views




RELATED

Most Popular of Boxing

Most Popular of NEWS