BEC-TERO TV

ရန်ကုန်မြို့ရဲ့မသန့်ရှင်းတဲ့ လေထုကြောင့် ဟိုတယ်ထိအနားသွားယူခဲ့ရတဲ့ ရွှေမှုန်ရတီ

18 Feb 2019     1,387 Views


ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေးရွှေမှုန်ရတီကတော့ အနုပညာပျိုးခင်းအစီအစဉ်ကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး အနုပညာလောကထဲကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ၀င်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အသက်သာမငယ်တဲ့ သမ္ဘာမငယ်တဲ့သူမရဲ့သရုပ်ဆောင် ပိုင်နိုင်ချက်တွေကြောင့် ပရိသတ်တွေကိုချစ်ခင်အားပေးခဲ့ကြရတာပါ။ အချေမင်းသမီးလေးလို့လဲ ပရိသတ်တွေကြားနာမည်ကြီးလွန်းလှတဲ့ သူမကတော့ Luxury Brand တွေကိုဝတ်ဆင်သုံးစွဲကာ အထာကျကျနဲ့ဂေါ်တတ်လွန်းသူလေးပါ။

နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ သူမအတွက်တော့ ရုပ်ရှင်ကားရိုက်ကူးရေးတွေကိုလည်း မအားမလပ်အောင်ပြုလုပ်နေရတာပဲဖြစ်ပါတယ်။ ခက်ခက်ခဲခဲ အားလပ်ရက်လေးရတုန်းအနားယူချင်ပေမယ့် နှလုံးရောဂါမခံရှိတဲ့သူမအတွက် ရန်ကုန်မြို့ရဲ့မသန့်ရှင်းတဲ့လေထုက စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အတူ ဟိုတယ်ထိသွားအနားယူခဲ့ရပါတယ်။ ညစ်ညမ်းတဲ့လေထုနဲ့ မွန်းကြပ်တဲ့မြို့ပြနဲ့ သိပ်မဝေးတဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ပန်းလှိုင်အိမ်ရာမှာ သွားရောက်အနားယူခဲ့တဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘွတ်ကနေ ယခုလိုပဲရေးသားမျှဝေထားပါတယ်။

“အလုပ်ပင်ပန်းလို့ အနားယူဖို့နေရာ ကို ရန်ကုန်မြို့ထဲမှာအင်မတန် ရှာရခက်တယ်… ရန်ကုန်မြို့ထဲဆို ကားသံ တွေ ဓာတ်ငွေ့တွေ နဲ့ သဲအတွက်အဆင်မပြေဘူး သဲကနှလုံး မကောင်းတော့ လေမသန့်ရင်စိတ်အနှောက်ယှက်ဖြစ်ရတယ်.. ဒါပေမဲ့ အခု သဲအနားယူဖို့ နေရာကောင်းရှာတွေ့ထားတယ်.. ဒီဟိုတယ်က အရမ်း ပြည့်စုံတယ်လို့ ခံစားရတယ်… နေရာ က- ရန်ကုန်မြို့ လှိုင်သာပန်းလှိုင်အိမ်ရာထဲမှာ.. ကဲ ... ခရီးမသွားချင်ရင် ဒီလို လေကောင်းလေသန့်ရတဲ့ ဟိုတယ်ကို လာပြီး chill လုပ်ရင်ကို အနားယူလို့ကောင်းတဲ့ နေရာတစ်နေရာ လို့သဲယူဆတယ် သဲဆို အိမ်ကိုမပြန်ချင်တော့တာ… ကိုယ့်ယောကျာ်းနဲ့ဆိုတော့ပိုလို့ တောင်မပြန်ချင်သေး…” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ… မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ သူမအပေါ်ကို အရမ်းဂရုစိုက်၊ အလိုလိုက်ပြီး အချစ်ကြီးချစ်ပေးတဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့အတူ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကိုဖန်တီးပုံဖော်နေတာပါနော်။ အနုပညာအလုပ်တွေလုပ်ရင်း အားလပ်ချိန်တွေမှာ ကျားကျားရွှေထူးနဲ့ အနားယူလိုက် ခရီးတွေသွားလိုက်နဲ့ တကယ့်ကိုပျော်ရွှင်နေတာကိုလည်း တွေ့ရပါတယ်။ အောင်မြင်မှုတွေကို ကိုယ်စီအသီးသီးရရှိထားကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ Shwe Couple ကတော့ တကယ့်ကိုနေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တဲ့စုံတွဲလေးပါပဲနော်….

 


18 Feb 2019     1,387 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment