BEC-TERO TV

Line Walker 2 ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်

18 Feb 2019     1,473 Views


လတ်တလော အွန်လိုင်းသုံးစွဲသူတွေကြားမှာသာမက ရန်ကုန်မြို့တစ်ခွင်ပြဲပြဲစင်အောင် နာမည်ကြီးနေတာကတော့ ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Line Walker 2 ဇတ်ကားကြီးကို မြန်မာနိုင်ငံမှာလာရောက်ရိုက်ကူးနေခြင်းပဲဖြစ်ပါတယ်။ Line Walker ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ဟောင်ကောင်နိုင်ငံရဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားဖြစ်ပြီး အက်ရှင်ဒရမ်မာဆန်တဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Line Walker ရုပ်ရှင်အဖွဲ့သားတွေဟာဆိုရင် ထိုရုပ်ရှင်ကားမှာပါဝင်မယ့် ၂၅ မိနစ်လောက်စာ ဇတ်ဝင်ခန်းတွေကို ရန်ကုန်မြို့မှာအခြေတည်ကာ လာရောက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။

အကြမ်းအရမ်း အက်ရှင်ဇာတ်ဝင်ခန်းတွေကို ရန်ကုန်မြို့လယ်ခေါင်အပါအ၀င် နေရာတော်တော်များများမှာရိုက်ကူးသွားမှာဖြစ်ပြီး သေနတ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ အထူးရဲတွေကိုပါ အသုံးပြုပြီးရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ကာ ၂၆ ရက်နေ့ထိရိုက်ကူးသွားမှာဖြစ်ပြီး ရိုက်ကွင်းရှိရာ ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်နေရာများကိုလည်း လမ်းများခေတ္တပိတ်ဆို့ထားတာပဲဖြစ်ပါတယ်။

ထို Line Walker ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ မြန်မာပရိသတ်တွေ သဘောကျနှစ်ခြိုက်ရတဲ့ တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့ နှစ်ယောက်လည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့နှစ်ယောက်ဟာ ထိုရုပ်ရှင်ကားမှာပါဝင်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီး ရိုက်ကူးဖို့အတွက် သဘောတူညီချက်တွေလဲ လုပ်ဆောင်ပြီးဖြစ်ပါတယ်။ ဘယ်ဇာတ်ဝင်ခန်းတွေမှာ ပါဝင်သရုပ်ဆောင်ရမလဲ တိတိကျကျမသိသေးပေမယ့် ဘ၀ရဲ့အချိုးအကွေ့တစ်ခုဖြစ်လာနိုင်တာကြောင့် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားနေမိတယ်လို့လဲ အောင်မြင့်မြတ်ကဆိုပါတယ်။

ဒီလိုမျိုးနိုင်ငံတစ်ကာအဆင့်မှီ ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇတ်ကောင်ထိမဟုတ်ပေမယ့်လည်း ပါဝင်ခွင့်ရတဲ့အတွက်ကိုပဲ ကျေနပ်ပီတိဖြစ်နေကြကာ ရုပ်ရှင်ရိုက်ကူးမှုအတွက်လည်း အောင်မြင့်မြတ်နဲ့ လင်းအောင်ခေတ်တို့နှစ်ယောက်လုံး ကြိုတင်ပြင်ဆင်နကြတာကို တွေ့မြင်ရပါတယ်။ တက်သစ်စလူငယ်တွေပေမယ့် ပိုင်နိုင်ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့်ပဲ ဒီလိုမျိုးပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်လို့ သူတို့နှစ်ယောက်လုံး နိုင်ငံ့ဂုဏ်ဆောင်ကာ ဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ပြဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရတော့မှာပါနော်။ နိုင်ငံတစ်ကာမှာ ရုံတင်ပြသသွားမှာဖြစ်တဲ့ Line Walker ရုပ်ရှင်ကားကြီးမှာ မြန်မာအနုပညာရှင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ သူတို့နှစ်ယောက်အတွက်တော့ တကယ့်ကိုဂုဏ်ယူဝမ်းမြောက်စရာပါပဲနော်...

 

 


18 Feb 2019     1,473 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment