BEC-TERO TV

အသက် ၄၀ မှာ ကင်ဆာဖြစ်ခဲ့ပေမယ့် ၁၀၆ နှစ်အထိ အသက်ရှင်ခဲ့တဲ့ လျှို့ဝှက်ချက်

18 Feb 2019     1,684 Views


ကင်ဆာသမားတွေနဲ့ ကင်ဆာသံသယရှိသူတွေ မစိုးရိမ်ကြပါနဲ့တော့။ တရုပ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမအသက် ၄၀ အရွယ်မှာ ရင်သားကင်ဆာ စတင်ခဲ့ပေမယ့် ကမ္ဘာ့အလှပဆုံးအမျိုးသမီး ၁၀ ဦးထဲက တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့အပြင် အသက် ၁၀၆ နှစ်ထိ ကျန်းမာစွာနဲ့ နေထိုင်သွားနိုင်ခဲ့ပါတယ်။ 
 
“ဆောင်းမေလင်း” ကို ၁၈၉၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်၊ ၁၉၄၉ ခုနှစ်မှာ ကမ္ဘာ့အလှပဆုံးအမျိုးသမီး ၁၀ ဦးထဲက တစ်ယောက်အဖြစ် အမေရိကန်အမျိုးသားအနုပညာအသင်းကြီးက မဲပေးခဲ့ပါတယ်။ သူမဟာ ဘာသာစကား ၆ မျိုးတတ်ကျွမ်းပြီး အမေရိကန်ကွန်ဂရက်မှာ စကားတက်ပြောခွင့်ရတဲ့ ပထမဦးဆုံး တရုပ်လူမျိုးလည်းဖြစ်ပါတယ် (ဂုဏ်ယူစရာပါ)။ သူမရဲ့ထက်မြက်မှု တစ်မူထူးခြားပြီး အရှေ့တိုင်းဆန်တဲ့ အလှအပတို့ကြောင့်လည်း ကမ္ဘာ့အလှဆုံး အမျိုးသမီးစာရင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
 
 
ဒီလို အလှပဆုံးအမျိုးသမီးစာရင်းမဝင်မီ အသက် ၄၀ အရွယ်ကတည်းက သူမမှာ ရင်သားကင်ဆာ ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာ ရင်းသားကို ဖြတ်ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရင်သားခွဲစိတ် ဖြတ်တောက်ခဲ့ပြီးတဲ့နောက် သူမရဲ့မိသားစု အမေရိကန်ဆရာဝန်က ခန္ဓာကိုယ် အချဉ်ဓာက်ကို မွမ်းမံဖို့ လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒါကြောင့် သူမဟာ ဆရာဝန်အကြံပေးချက်အတိုင်း ခနွဓာကိုယ်ထဲက အက်ဆစ်ဓာတ်ကို ပြုပြင်မွမ်းမံဖို့ နေ့စဉ် သံပယိုသီးရည် သောက်ခဲ့ပါတယ်။
 
 
သံပယိုသီးရည်ရဲ့အစွမ်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထုတ်ပေးပြီး အတွင်းကလီစာတွေကို သန့်စင်ပေးပါတယ်။ သံပယိုသီးမှာ စီထရစ်အက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး၊ စီထရစ်အက်ဆစ်က ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အခါ ရေနဲ့ကာဗွန်ဒိုင်အောက်ဆိုက်အဖြစ် ပြောင်းလဲသွားပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ခန္ဓာကိုယ်ထဲကနေ ထွက်သွားတာနဲ့ တစ်ပြိုင်နက် အက်ဆစ်ရဲ့ ဂုဏ်သတ္တိလည်း ပျောက်ကွယ်သွားပါတယ်။
 
 
“ဆောင်းမေလင်း” ဟာ ဒီနည်းနဲ့ ရင်သားကင်ဆာဖြစ်ခဲ့တဲ့ အသက် ၄၀ အရွယ်ကနေ အသက် ၁၀၆ နှစ် (၂၀၀၃ ခုနှစ်) ထိ နောက်ထပ် နှစ်ပေါင်း ၆၀ ကျော် ကျန်းမာစွာဖြင့် နေထိုင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ သံပယိုသီးရည်ကို နေ့စဉ်မှန်မှန် သောက်ခြင်းဖြင့် အကျိုးထူးပြီး အသက်ရှည်ရှည် နေထိုင်နိုင်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။
 
(ပိုပိုလေး)

 


18 Feb 2019     1,684 Views




RELATED

Most Popular of Health Fix

Most Popular of Life Style