BEC-TERO TV

ဖေ့ဘွခ်ပေါ်မှ ကိစ္စအတွက် စကားများကြရာမှ လင်​မယားချင်း အပြန်အလှန်ဓားဖြင့်ထိုး

19 Feb 2019     1,338 Views


ပဲခူးခရိုင် ​ရွှေကျင်​မြို့နယ်​ရှိ အင်္ဂနီ​ကျေးရွာ​​​တွင်​ ​လင်မယားချင်း စကားများရန်ဖြစ်ရာမှ အပြန်အလှန်ဓားဖြင့်ထိုးခဲ့ကြသဖြင့် နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ည ၁၁ နာရီ အချိန်ခန့်က အင်္ဂနီ​ကျေးရွာနေ ဒေါ်ချို(၅၁)နှစ်​နှင့် ဦးဝင်းခိုင်​(၄၄)နှစ်​တို့ လင်မယားနှစ်ဦးသည် လက်ကိုင်ဖုန်းနှင့် ပတ်သက်သော အကြောင်းအရာအချို့ကို ပြောဆိုငြင်းခုန်ကြရာမှ စကားများ ရန်ဖြစ်ခဲ့ကြပြီး အချင်းခြင်း အပြန်အလှန် ဓားနဲ့ထိုးရာမှ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ၎င်းတို့နှင့်အတူနေမိခင်ဖြစ်သူ၏ ပြောပြချက်အရ သိရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
 
ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၂ နာရီ​ခွဲအချိန်​ခန့်တွင် အင်္ဂနီကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးချက်အရ  မင်းလမ်းသံဆိပ်​ရဲကင်းစခန်းမှူးနှင့် တာဝန်ရှိသူများက အင်္ဂနီ​ကျေးရွာသို့သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်​​အောက်​ထပ်​၌ လင်မယားနှစ်ယောက်စလုံးကို လဲလျက်​​တွေ့ရပြီး ဒေါ်ချို(၅၁ နှစ်)၏ ဝဲဘက်​ရင်​ညွန့် ၌ ထိုးသွင်းဒဏ်​ရာ( ၁)ချက်​၊ ယာဘက်​ဂျိုင်း​အောက်​ပြတ်​ရှဒဏ်​ရာ(၂)ချက်​နှင့် ယာဘက်​လက်​ဖဝါး ပြတ်​ရှဒဏ်​ရာ(၁)ချက်​တို့ဖြင့်​​ သေဆုံး​နေ​ကြောင်း​တွေ့ရပြီး ခင်​ပွန်းဖြစ်​သူ ဦးဝင်းခိုင်(၄၄ နှစ်)​မှာ ဒေါ်ချို၏ဝဲဘက်​​ဘေးတွင် မှောက်လျက်အနေအထားဖြင့်လဲနေကာ ဝမ်းဗိုက်​​ပေါက်​ထွက်​ဒဏ်​ရာရရှိထားသော်လည်း အသက်သေဆုံးခြင်းမရှိသေးကြောင်း တွေ့ရှိရသဖြင့် အရေးပေါ် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း နံနက် ၃ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။
 
ဖြစ်စဉ်တွင် ဓားဖြင့် စတင်ထိုးခဲ့သူ ဦးဝင်းခိုင်​ အား ရွှေကျင်မြို့မရဲစခန်းမှ (ပ)၃၇/၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 
သတင်းရင်းမြစ် - The Fifth Wave News

19 Feb 2019     1,338 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS