BEC-TERO TV

ပိုက်ဆုံစုဖြစ်ဖို့ ဘယ်နည်းလမ်းတွေကျင့်သုံးမလဲ

19 Feb 2019     1,358 Views


ပိုက်ဆံဆိုတာရှာရခက်တယ် သုံးရလွယ်ပါတယ်။ ပိုက်ဆံစုတယ်ဆိုတာလည် လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက်ဝင်သလဲဆိုတာ ထက် ကိုယ်ပိုက်ဆံဘယ်စုနိုင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ တစ်ချို့က ပိုက်ဆံစုဖို့အရေးထက် အကြွးတွေ ကြိုတင်ယူထားတတ်ကြတယ်။ ဒါက ပိုက်ဆံ အမှားကြီးပါ။ ပိုက်ဆံမှ စုမယ်ဆိုရင် အကြွေးကင်းအောင် အရင်လုပ်သင့်ပါတယ်။
 
၁ ။ ကြိုတင်စု
 
လူတော်တော်များများက လခထုတ်ရင် ကိုယ်လိုချင်တဲ့ ပစ္စည်းကို အရင်ဝယ်ပြီးမှ ကျန်တဲ့ ပိုက်ဆံကို စုတတ်ကျတယ်။ဒါကိုပြင်လိုက်ပါ။ ကိုယ်တစ်လကို ဘယ်လောက်စုမယ်လို ့ သတ်မှတ်ထားရင် သတ်မှတ်ထားတဲ့ ပိုက်ဆံကို အရင်စုထားလိုက်ပါ ။ အဲ့ဒီအထဲ့က မသုံးမိစေပါနဲ။
 
၂။ လိုချင်တပ်မက်မှုလျှော့
 
တစ်ချို့က ကိုယ်မှာရှိနေတဲ့ ပစ္စည်းထက် အသစ်ထွက်တဲ့ Brand အကောင်းစားလေးကို မှ ကိုင်ချင်ကြတယ်။ အစားအသောက်ဆိုလည်း ဆိုင်ကြီးတွေမှာ စားကောင်းသောက်ကောင်းတွေ စားရမှ အရသာပိုရှိတယ်လို့ ထင်ကြတယ်။ ကိုယ်ကပိုက်ဆံစုဖိုမှ ရည်ရွယ်ထားရင် ဒါတွေကို ဆင်ခြင်ရမှာဖြစ်ပါတယ်။
 
၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ…
 
မုန်လေး ၊ အအေးလေးက တော့ ငါးရာလောက်ပဲကုန်တာ သောက်လိုက်ဦးမယ်။ တစ်ခါတစ်လေ ပြသာနာမဟုတ်ပေမဲ့ ၊ ကြိမ်ဖန်များလာရင် ဒါတွေက ငွေယိုပေါက်ကြီးတစ်ပေါက်ဖြစ်လာနိုင်ပါတယ်။ကိုယ်မှာအသုံးပြုလို့ရတဲ့ပစ္စည်းကို ဆက်မသုံးဘဲ စွန့်ပစ်ပြီး အသစ် ဝယ်သုံးလိုက်တာမျိုး ပြုလုပ်လိုက်ခြင်းက သင့်ကို မလိုအပ်တာတွေ ပိုက်ဆံပိုကုန်စေပါတယ်။
 
၄။ အင်တာနက် လျော့သုံးပါ
 
အင်တာနက်ဆိုတာမျိုးကလည်း ငွေယိုပေါက်တစ်ခုပါပဲ ။ ဖေ့စ်ဘုတ်လေး ဖွင့်လိုက်တာ နဲ့ ဟို ဗီဒီယိုလေကြည့်ချင် ၊ ဒီဗီဒီယိုလေး ကြည့်ချင်နဲ့ ကိုယ်အလုပ်နဲ့ မသက်ဆိုင်ရင် အင်တာနက် အလွန့်အကျွင့်သုံးတာလည်း ဆင်ခြင်သင့်ပါတယ်။ မျက်စိလည်း သက်သာတာပေါ့။
 
၅။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ
 
လူကြီးတွေပြောတဲ့နည်းလမ်းပါ။ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုခု တွေ ့ရင်စိတ်က လိုချင်တာမျိုး ဖြစ်ကြတာမဆန်းပါဘူး။ ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ် လိုချင်တယ်နေတယ်၊ ပစ္စည်းကလည်း လိုအပ်နေတယ်ဆိုတော့မှ ဝယ်လိုက်ပါ။ စောင့်နေတဲ့ အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာ စိတ်မပူပါနဲ့။ ပိုကောင်း ပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာ ရောက်နေပါပြီ။ မလိုအပ်တာလေးတွေလျှော့သုံးပြီး အပို ပိုက်ဆံများစုမိကြပါစေ။

19 Feb 2019     1,358 Views




RELATED

Most Popular of Special or Others

Most Popular of Life Style