BEC-TERO TV

အကယ်ဒမီရင်ခုန်သံနဲ့ ဝေးသွားခဲ့ရလို့ လွန်စွာစိတ်မကောင်းဖြစ်နေတဲ့ ဇေရဲထက်

19 Feb 2019     1,547 Views


အနုပညာရှင်တွေသာမက ပရိသတ်တွေပါရင်ခုန်ကြရတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ တဖြည်းဖြည်းနီးကပ်လို့လာပါပြီ။ ဒီလိုချိန်မျိုးမှာ အနုပညာရှင်များစွာရဲ့ ရင်ခုန်သံတွေနဲ့ စိတ်လှုပ်ရှားမှုတွေကပိုလာသလို ပရိသတ်တွေကလည်း ကိုယ်ချစ်ခင်အားပေးရတဲ့ အနုပညာရှင်ဘယ်သူဘယ်ဝါရမယ်ဆိုပြီး ထင်ကြေးပေးစိတ်လှုပ်ရှားနေကြချိန်လဲ ဖြစ်ပါတယ်။

ရုပ်ရှင်ကားပေါင်း ၈၀ ကျော်ကိုပဏမရွေးချယ်ခဲ့ပြီးနောက်မှာတော့ အကယ်ဒမီဆန်ခါတင်စာရင်းဝင် (ဒုတိယအဆင့်) ရွေးချယ်ခံရတဲ့ ရုပ်ရှင်ကားကြီး ၂၅ ကားထွက်ပေါ်လို့လာခဲ့ပါပြီ။ ထိုစာရင်းထဲတွင် ကိုယ်ပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီး ရွေးချယ်ခြင်းခံရ၊ မခံရကို အနုပညာရှင်များစွာက စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြတာပါ။ ထိုထဲမှာတော့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ မင်းသားချောဇေရဲထက်လည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆန်ခါတင်စာရင်းဝင် ရုပ်ရှင်ကား (၂၅) ကားကိုထုတ်ပြန်လိုက်ချိန်မှာတော့ သူ့ရုပ်ရှင်ကားတွေ တစ်ကားမှ မပါဝင်ခဲ့တာကြောင့် ဇေရဲထက်တစ်ယောက် လွန်စွာစိတ်မကောင်းဖြစ်လို့နေပါတယ်။ ဟာသ၊ အနု၊ အရွ ဇတ်ရုပ်ပေါင်းစုံ၊ ဇတ်ကားများစွာကို စိတ်ရောကိုယ်ပါနှစ်ကာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ ဇေရဲထက်ရဲ့ရုပ်ရှင်ကားတွေက ကံအားလျော်စွာ ဆန်ကာတင်စာရင်းမှာတစ်ကားမှ မပါဝင်ခဲ့တာကြောင့် အကယ်ဒမီကိုရင်ခုန်စိတ်လှုပ်ရှားဖို့ အခွင့်အရေးမရှိတော့တဲ့သူ့ကိုယ်သူ ၀မ်းနည်းစိတ်မကောင်းဖြစ်နေရတာပါ။

ဇေရဲထက်က သူ့ရင်ထဲက၀မ်းနည်းမှုတွေကို ဖေ့စ်ဘွတ်စာမျက်နှာကနေ ယခုလိုပဲရင်ဖွင့်ရေးသားလိုက်ပါတယ်။ “ငါကြိုးစားခဲ့ပါတယ်… ငပေါနေရာကော ပရမ်းပထာကာရိုတ်တာကော… လုံးဝမူးလဲတဲ့အထိ မွန်းကြပ်စွာသရုပ်ဆောင်ခဲ့ရတဲ့ကားတွေရော တကားမှမပါဘူ… ကျနော့်ကံပေါ့ မှန်းလည်းမမှန်းထားပါဘူး... စိတ်မကောင်းတာကဒီ၂၅ကားထဲတောင် တကားမှမပါတာတော့ ကျနော်ညံ့လို မပါတာလို့ပဲ ကျနော့် ကိုချစ်တဲ့လူတွေ ကျနော်ချစ်တဲ့လူတွေကိုပြောချင်ပါတယ်… စိတ်မကောင်းမဖြစ်ပါနဲ့လို့ ကံတရားကိုပဲပုံချပါရစေ” ဆိုကာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း ယခုလိုမျိုးလွဲချော်သွားမှုအတွက် သူ့ကိုချစ်တဲ့ပရိသတ်တွေကို စိတ်မကောင်းမဖြစ်ကြဖို့ပြောဆိုရင်း ကံကိုပဲအပြစ်ပုံချလိုက်တာဖြစ်ပါတယ်။

ဆက်လက်ပြီးလဲ ပရိသတ်တွေအရမ်းကိုနှစ်ခြိုက်အားပေးခဲ့ရတဲ့ ပညာပေးရုပ်ရှင်ကားဖြစ်တဲ့ “ရာဇ၀င်ရိုင်းခဲ့သည်”  ရုပ်ရှင်ကားလေးတောင် မပါဝင်ခဲ့တဲ့အတွက်ကိုလည်း “မရွှေရည်အတွက်စိတ်မကောင်းသလို ပရိုဂျူဆာကိုလည်း စာနာမိပါတယ်… နောက်ဆို ကျနော်နဲ့မရိုက်ပါနဲ့ အကိုနဲ့အမ.. ကျနော်တာဝန်မကျေခဲ့ပါဘူ… နောက်ဆို အိုတ်တင်အဆင်မပြေတဲ့ ကျနော့်ကိုခေါင်းထဲမထည့်ပါနဲ့အကိုရယ်… အမကော ကျနော်စာနာပါတယ်…ရုပ်ရှင်တန်းဝင်မဟုတ်တော့ အားနာလို့ပါ” ဆိုပြီး ထုတ်လုပ်သူပရိုဂျူဆာတွေအတွက်ပါ စိတ်မကောင်းဖြစ်စွာ ရေးသားထားခဲ့တာပါ။ အကယ်ဒမီဆုကြီးကို မမျှော်မှန်းထားသည့်တိုင် အကယ်ဒမီရင်ခုန်ခွင့်လေးနဲ့ လွဲချော်သွားပြီဖြစ်တဲ့ ဇေရဲထက်အတွက်တော့ တကယ့်ကိုဝမ်းနည်းစရာအဖြစ်အပျက်ပါပဲနော်…

 

 


19 Feb 2019     1,547 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment