BEC-TERO TV

နဂါးမောက်သီးနေ့စဉ်စားပေးခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေ

21 Feb 2019     1,751 Views


နဂါးမောက်သီးဆိုရင် ဖြူဖြူလေးပဲဖြစ်ဖြစ်၊ နီနီရဲရဲလေးပဲဖြစ်ဖြစ် စားကောင်းကြတာပါပဲနော်။ မကြာခင်မှပူပြင်းလှတဲ့ နွေရာသီရောက်လာတော့မှာဆိုတော့ နဂါးမောက်သီးဖျော်ရည်အေးအေးလေးများမသောက်ချင်ကြဘူးလား။ နဂါးမောက်သီးကို ဒီတိုင်းစားလဲကောင်း၊ ဖျော်ရည်လုပ်သောက်လဲ ကောင်းနေတာပါပဲ။ ဒီမှာ နဂါးမောက်သီးစားခြင်းမှ ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုဝေမျှပေးလိုက်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေဖြစ်မလဲဆိုတာ ပိုပိုလေးနဲ့အတူ လိုက်ပါကြည့်ရှုလိုက်ကြရအောင်။

၁။ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်

အနီရောင်ရှိတဲ့အသီးတွေမှာ Lycopene ကြွယ်ဝပါတယ်။ Lycopene ဟာကိုယ်တွင်းကင်ဆာဆဲလ်တွေ ပြန့်ပွားခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ သားအိမ်ကင်ဆာ ဖြစ်ပေါ်စေတဲ့ ကင်ဆာဆဲလ် တွေကိုယ်တွင်းပွားများလာခြင်းမှ ကာကွယ်ပေးပါတယ်။

၂။ မျက်လုံး ရေတိမ်ဖြစ်ခြင်းမှကာကွယ်တားဆီးပေးတယ်

နဂါးမောက်သီး မှာပါဝင်တဲ့ P450 ဟာ မျက်လုံးအိမ်မှာ တိမ်ကျခြင်းမဖြစ်အောင် ကာကွယ်တားဆီးပေးထားပါတယ်။

၃။ ကျန်းမာရေးညီညွှတ်မျှတစေတဲ့ Omega 3 နဲ့ Omega 6 ပါဝင်ခြင်း

အနီရောင်ရှိတဲ့ နဂါးမောက်သီးမှာ Omega 3 နဲ့ 6 တို့အလုံအလောက်ပြည့်ဝစွာပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်းလုပ်ငန်းဆောင်တာတွေကို မျှတမှန်ကန်စေအောင်ကူညီပေးတဲ့ Fatty acid လဲအပြည့်အဝပါဝင်တာကြောင့် နေ့စဉ်စားသုံးပေးသင့်ပါတယ်။

၄။ ဗီတာမင် B နဲ့ ဗီတာမင် C အပြည့်အဝပါဝင်ခြင်း

နဂါးမောက်သီးမှာ ဗီတာမင် B နဲ့ C တို့အပြည့်အဝပါဝင်ပါတယ်။ ဗီတာမင် B က ကာဗိုဟိုက်ဒရိတ်နဲ့ ချေဖျက်ရခက်တဲ့အစားအစာတွေကို အမြန်ဆုံးအစာကြေစေအောင် ကူညီပံ့ပိုးပေးပါတယ်။ ဗီတာမင် C ကတော့ အနာကျက်မြန်စေခြင်း၊ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်ခြင်း အစရှိတဲ့ အရေပြားဆိုင်ရာပြဿနာတွေမဖြစ်ပေါ်အောင် ကူညီပေးပါတယ်။ Iron ကတော့ ကိုယ်တွင်းအစိတ်အပိုင်းတွေ အောက်ဆီဂျင်လွယ်ကူလျင်မြန်စွာရရှိအောင် ကူညီပံ့ပိုးပေးပါတယ်။

၅။ အရိုးအဆစ်သန်မာစေခြင်း

နဂါးမောက်သီးမှာ အရိုးအဆစ်တွေကိုသန်မာစေတဲ့ Calcium နဲ့ Iron ဓာတ်ပါဝင်ပါတယ်။ Calcium ဟာ အရိုးအဆစ်ကိုသန်မာစေရုံသာမက သွားတွေကိုလဲ ဖြူဖွေးခိုင်မာစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။

 


21 Feb 2019     1,751 Views




RELATED

Most Popular of Health Fix

Most Popular of Life Style