BEC-TERO TV

မိခင်ဖြစ်သူကို စိန်လက်စွပ် ဝယ်ပေးခဲ့တဲ့ ၁၀ နှစ်သား ကောင်လေး

27 Feb 2019     1,379 Views


တရုတ်နိုင်ငံ ၊ Hubei မှာနေထိုင်တဲ့ အသက် ၁၀ နှစ်သားအရွယ် ကောင်လေးတစ်ယောက်ဟာ နှစ်သစ်မှာရခဲ့တဲ့ ပိုက်ဆံတွေနဲ့ သူအမေကို စိန်လက်စွပ် ဝယ်ပေးခဲ့ပါတယ်။ အစက သူရဲ့မိခင်ဟာ သူသားက နောက်တယ်ထင်ပြီး လက်ဝတ်ရတနာဆိုင်ကို လိုက်လာခဲ့ပါတယ်။နောက်မှ စနောက်နေတာ မဟုတ်မှန်းသိခဲ့လို့ ဆိုင်အပြင်ထွက်သွားခဲ့ပါတယ်။ မိခင်က သူသားရဲ့ပိုက်ဆံ ကိုမသုံးရက်တာကြောင့် ဆိုင်အပြင်ကို ထွက်သွားခဲ့တာဖြစ်ပါတယ်။

မိခင်ဖြစ်သူကတော့ “အမေကတော့ ဒါလေးကြိုက်တယ် ၊သားကြီးလာရင် ဝယ်ပေးနော် ” ဆိုပြီး မယူရက်လို့ အမျိုးမျိုးပြောခဲ့ပါတယ်။ကောင်လေးဟာ အခုလို့ပိုက်ဆံ စုရတာဟာ သူ ့ကျောင်းက အတန်းဖော်တွေရဲ့ မိခင်တွေ ့မှာ လက်ဝတ်ရတနာတွေ ရှိနေပေမဲ့ သူအမေဖြစ်သူမှာ လက်ဝတ်ရတနာတွေ မရှိတာကြောင့် ဝယ်ပေးဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဗီဒီယိုလေးဟာ တရုတ်ပြည်မှာ ပျံနှံသွာခဲ့ပြီး လူမှုကွန်ယက်ပေါ်က အင်တာနက်သုံးသူများက “တစ်ကယ်တော်တဲ့ ကလေး ၊ စိတ်ကောင်းရှိတယ် ၊ မိဘကို သိတတ်တယ်” ဆိုပြီး အမျိုးမျိုးမှတ်ချက်ပေး ချီကျူးပြောဆိုခဲ့ကြပါတယ်။


27 Feb 2019     1,379 Views




RELATED

Most Popular of Special or Others

Most Popular of Life Style