BEC-TERO TV

အိမ်သာသုံးစက္ကူတွေကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်

05 Mar 2019     2,218 Views


လက်တလောမှာ တရုတ်နိုင်ငံက အသက် ၂၀ အရွယ်မိန်းကလေးတစ်ဦး ငယ်ငယ်ရွယ်ရွယ်နဲ့ သားအိမ်ခေါင်းကင်ဆာ ခံစားနေရပြီး ဒီရောဂါရလာတာဟာ အိမ်သားသုံးစက္ကူတွေကြောင့်လို့ ဆရာဝန်တွေရဲ့ အသေးစိတ် စုံစမ်းစစ်ဆေးပြီးတဲ့အခါ အဖြေထွက်လာခဲ့ပါတယ်။
 
 
ယနေ့ခေတ်မှာ အမျိုးသမီးတွေအတွက် သာအိမ်ခေါင်းကင်ဆာဟာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နေပြီး အဖြစ်များတဲ့ ကင်ရောဂါတစ်ခု ဖြစ်နေပါတယ်။ သတိပြုစရာကောင်းတာက ဒီရောဂါဖြစ်တဲ့ အသက်အပိုင်းအခြားဟာ တစ်ဖြည်းဖြည်း သက်ငယ်ပိုင်းကိုရောက်လာတာပါပဲ။ ယခင်က ဒီလိုရောဂါမျိုးဟာ အသက်ကြီးသူ အမျိုးသမီးတွေနဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေမှာသာ တွေ့ရပြီးအခုဆိုရင် အသက် ၂၀ နဲ့ ၃၀ ကြား မိန်းကလေးတွေမှာတောင် ဖြစ်နေတာကို အတောများများ တွေ့လာရပါတယ်။
 
“Xiao Yu” ဆိုတဲ့ မိန်းကလေး အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတဲ့အကြောင်းကို ဖော်ပြရတာက အခြားသူတွေလည်း သူမလို မဖြစ်အောင် သတိထားစေချင်လို့ဖြစ်ပါတယ်။ 
“Xiao Yu” ဟာ တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်ပြီး သူမ ဓမ္မတာ(ရာသီ)လာတဲ့အချိန်တိုင်း မခံမရပ်နိုင်အောင် ဝမ်းဗိုက်အောင့်တဲ့ ဝေဒနာခံစားရတာကြောင့် ဆေးရုံမှာ ဆေးစစ်ကြည့်တော့မှ သားအိမ်ခေါင်းကင်ဆာရဲ့ အစပိုင်းအဆင့် ဖြစ်နေတာကို အံ့သြထိတ်လန့်စွာ သိခဲ့ရတာပါ။ 
 
“Xiao Yu” နဲ့ သူမရဲ့ မိသားစုဟာ အခုလိုဖြစ်ရတဲ့အပေါ် အလွန်အံ့သြနေကြပါတယ်။ သူမဟာ ကျန်းမာရေးကောင်းသူတစ်ဦးဖြစ်ပြီး ဒီရောဂါဖြစ်ရတဲ့အပေါ် အဖြေရှာလို့မရခဲ့ကြပါဘူး။ ဆရာဝန်တွေက သူမရဲ့နေ့စဉ်နေထိုင်တဲ့ ပုံစံတွေကိုပါ အသေးစိတ် ဆန်းစစ်လေ့လာတော့မှ နောက်ဆုံးမှာ သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အဖြေ ပေါ်လာခဲ့ပါတယ်။
 
 
အိမ်သာသုံးစက္ကူ မှားယွင်းစွာ ရွေးချယ်သုံးတဲ့အတွက် အခုလို သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတာလို့ အဖြေထွက်လာပြီး ဒီအဖြေက လူအတော်များများကို ထိတ်လန့်သွားစေခဲ့ပါတယ်။ “Xiao Yu” ဟာ သင်းပျံ့ရနံ့လို အနံ့ရှိတဲ့ အရောင်ပါတဲ့ စက္ကူလိပ်တွေကို အိမ်သာသုံးစက္ကူအဖြစ် ဟိုးအရင်ထဲက သုံးစွဲခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ အဆိုအရ သူမစွဲသုံးခဲ့တဲ့ အိမ်သာသုံးစက္ကူတွေဟာ Recycle paper တွေနဲ့ လုပ်ထားပြီး ဓါတုပစ္စည်းတွေဖြစ်တဲ့ အရောင်ချွတ်ဆေး၊ ဆိုးဆေးတွေအပြင် ရနံ့အတုထည့်တဲ့ အရာတွေက ကျန်းမာရေးအတွက် အလွန်အန္တရာယ်များတယ်လို့ သိရပါတယ်။
 
အကြိမ်ကြိမ်ပြန်သုံးထားတဲ့စက္ကူ (Recycle Paper) တွေကြောင့် အခုလို ရောဂါပိုးဝင်နိုင်ဖို့ အန္တရာယ် အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ပြန်သုံးစက္ကူတွေမှာ ဘက်တီးယားတွေ အစကထဲက အများကြီးရှိနေပြီး အဆိပ်အတောက်တွေ ပြည့်ဝနေလို့ ဆိုးကျိုးအန္တရာယ် မြင့်တယ်လို့ ဆိုပါတယ်။ ဒီလိုပစ္စည်းတွေကို ရေရှည်စွဲသုံးတာဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကို ကိုယ်တိုင် ဘက်တီးယားပိုး ထည့်ပေးနေတာနဲ့ အတူတူပင်ဖြစ်တယ်လို့ ဆိုပါတယ်။
 
 
အမျိုးသမီးငယ်တွေအနေနဲ့ အရည်အသွေးနိမ့် အိမ်သာသုံးစက္ကူတွေကို အသုံးပြုတာကြောင့် ဓါတုဗေဒဆေးဝါး အန္တရာယ်ရှိပြီး ဘယ်တုန်းကနဲ့မှ မတူတဲ့ ဆိုးကျိုးတွေ တစ်နေ့တခြား မြင့်တက်လာနေပါတယ်။ အိမ်သာသုံးစက္ကူတင် မဟုတ်သေးပါဘူး အရည်အသွေးနိမ့်တဲ့ ဆပ်ပြာတွေကြောင့်လည်း အန္တရာယ်ရှိတဲ့ ရောဂါတွေဖြစ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်တာ၊ မှိုစွဲတာ၊ စအိုလမ်းကြောင်းပိုးဝင်တာတို့ပါ ဖြစ်စေတတ်ပါတယ်။
 
 
အရောင်ပါတဲ့ အိမ်သာသုံးစက္ကူတွေအစား အဖြူရောင်စက္ကူလိပ်တွေကို သုံးဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။ ဒါတောင် စက္ကူလိပ်အဖြူဖြစ်ပေမယ့် အရည်အသွေး မပြည့်မီတာတွေဆိုရင်လည်း အန္တရာယ်ရှိနိုင်သေးကြောင်း သတိပေးထားပါတယ်။
အရောင်နဲ့ အနံ့ရှိပြီး အရည်အသွေးနိမ့်တဲ့ အိမ်သာသုံးစက္ကူလိပ်တွေကြောင့် မိန်းမအင်္ဂါမှာ ယားယံတာ၊ ကင်ဆာဖြစ်စေတဲ့ ကာဆီနိုဂျင်တွေ ရသွားနိုင်ပါတယ်။
 
လက်ရှိ “Xiao Yu” ရဲ့အခြေနေကတော့ သားအိမ်ခေါင်းကင်ဆာရဲ့ အစပိုင်း အဆင့်မှာ စစ်ဆေးတွေ့ရတာကြောင့် အချိန်မီကုသနိုင်သေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေနဲ့ အိမ်သာသုံးစက္ကူနဲ့ ဆပ်ပြာတို့ကို ဈေးသက်သာတာ တစ်ခုထဲမကြည့်ပဲ ရေရှည်မိမိရဲ့ ကျန်းမာရေးအတွက် ဘေးကင်းတဲ့ ပစ္စည်းတွေသာ ရွေးချယ်ဝယ်ယူသုံးစွဲဖို့ ပိုပိုလေးအဖွဲ့သားများက တိုက်တွန်းလိုက်ရပါတယ်။
 
(ပိုပိုလေး)

 


05 Mar 2019     2,218 Views




RELATED

Most Popular of Health Fix

Most Popular of Life Style