BEC-TERO TV

တရုတ်ပြည်ဘက်မှ ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာတဲ့ အသိစိတ်ကင်းမဲ့စေတဲ့ မူးယစ်ဆေးဝါးများ

06 Mar 2019     1,585 Views


တရုတ်နိုင်ငံမှာ မူးယစ်ဆေးဝါး ကို ပုံစံအသစ်တွေနဲ့ ထုတ်လုပ်နေပြီး ကလေးငယ်တွေကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ မူယစ်ဆေးဝါးဟာ ဘိန်းဖြူ ၊ စိတ်ကြွဆေး ဆိုပြီး သီးသန့်ထုတ်လုပ်တာမဟုတ်ဘဲ ကလေးတွေကြိုက်နှစ်သက်တဲ့ ဂျယ်လီ ၊ ချိုချည်၊ ဖျော်ရည် ၊ စားစရာ ၊ သောက်စရာ ၊ ကစားစရာ စတဲ့ ပုံစံမျိုးမျိုးနဲ့ ထည့်သွင်း ထုတ်လုပ်ကြတာဖြစ်ပါတယ်။

ချိုချည်၊ ဖျော်ရည် စတဲ့ ပါးစပ်ထဲ့ သောက်သုံး စားသုံးမိပါက မူးယစ်ဆေးဝါးက ခန္ဓာကိုယ် ထဲ့ဝင်ရောက်ကာ စားမရ ၊ ကိုင်မရဖြစ်ပြီး စိတ်ကြွတတ်ပြီး မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မိဘများကလည်း မိမိတို့၏ ကလေးသူငယ်များကို တရုတ်ဘက်က တရားမဝင် တင်သွင်းလာတဲ့ စားစရာ ၊ ကစားစရာ ၊ သောက်စရာ တို့ကို မသုံးဆောင်မိအောင် အထူးဂရုစိုက်ဖို့လိုပါတယ်။

အခြား တံဆိပ်ခါင်းပုံစံတွေနဲ့လည်း ဝင်လာတတ်ကြပြီး အရောင် ၊ အနံ မရှိတာကြောင့် အလွယ်တကူ သတိမထားမိကြပါဘူး ၊ ဒါကို Hallucinogen လို့ခေါ်တဲ့ မူယစ်ဆေးပါဝင်တယ်လို့ ဆိုပါတယ်။ အဲ့ဆေးက လူတွေ ရဲ့ အတွေး ၊ အသိ ၊ ခံစားချက်တွေပြောင်းလဲသွားတာကြောင့် အန္တရာယ် အလွန်များပါတယ်။

အဆိုပါမူးယစ်ဆေးဝါးတွေကို မသာမာ သူများကအိမ်နီးချင်းနိုင်ငံအချို့ သို့ရောင်းချတင်သွင်းဖို ကြံစည်နေတာကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံပြည် ကလူတွေလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။

 

 

 

 


06 Mar 2019     1,585 Views




RELATED

Most Popular of Health Fix

Most Popular of Life Style