BEC-TERO TV

ပရီးမီးယားလိဂ် ဖလားကို ပိုပြီးအာရုံစိုက်သင့်တယ်လို့ လီဗာပူးလ်ကို အကြံပေးသွားတဲ့ နဗီးလ်

06 Mar 2019     1,377 Views


ပရီးမီးယားလိဂ်ပြေးလမ်းနဲ့ ချန်ပီယံလိဂ် ပြေးလမ်းပေါ်မှာ ရှိနေသေးတဲ့ လီဗာပူးလ်အသင်းကို မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က ချန်ပီယံလိဂ်ပြိုင်ပွဲကို မေ့ထားပြီး ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ကစားဖို့ တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂိုးမရှိသရေကျထားပြီး ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၁၄ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။လီဗာပူးလ် အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် စိတ်ကူးယဉ်နေရင် အာရုံများသွားနိုင်တဲ့အတွက်ကြောင့် ပရီးမီးယားလိဂ်ကိုပဲ အင်ပြည့်အားပြည့် အာရုံစိုက်သင့်တယ်လို့ နဗီးလ်က တိုက်တွန်းလိုက်တာပါ။

ဘိုင်ယန်နဲ့ ဒုတိယအကျော့ပွဲစဉ်ကို ဘယ်သူကမှ ရှုံးအောင်ကစားမှာ မဟုတ်တာ သေချာပေမယ့်လည်း အဲဒီပွဲစဉ်ကို မေ့ထားလိုက်တာက အသင်းအတွက် အားသာချက် ဖြစ်စေလိမ့်မယ်လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်မှာ ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးလ်က နဲ့ မန်စီးတီးအသင်းတို့ တစ်မှတ်သာ ကွာဟ တဲ့အတွက်ကြောင့် လမ်းကြောင်းတစ်ခုတည်းအပ်ါအာရုံစိုက်ထားတာက ပိုကောင်းတယ်လို့ နဗီးလ်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 

 


06 Mar 2019     1,377 Views




RELATED

Most Popular of Football

Most Popular of Sport