BEC-TERO TV

ပေါက်စီယောင်ဆောင်တဲ့ ကြက်ဥကြော်များ အထူးသတိပြု (ရုပ်သံ)

06 Mar 2019     1,483 Views


“သေးသေးကွေးကွေးခေတ် ကုန်သွားပြီ အခုခေတ်က ကြီးမှပိုအားရတာ” ဆိုတဲ့ ကြော်ငြာအတိုင်း အခုခေတ်က အမျိုးသမီးတွေကြားမှာ အကုန်ကြီးမှ ခေတ်မီတယ်လို့ ထင်နေကြတဲ့ခေတ်၊ ငွေကြေးတတ်နိုင်သူက ခွဲစိတ်ပြုပြင်တယ်။ ငွေကြေးမတတ်နိုင်တဲ့ အများစုက အမြင်အားဖြင့် ကြီးတယ်လို့ ထင်ရစေတဲ့ အတွင်းခံတွေရှာဝယ်ပြီး ပေါက်စီယောင်ဆောင်တဲ့ ကြက်ဥကြော်များ လုပ်တတ်ကြပါတယ်။
 
ဒါကတော့ ခေတ်မီအောင်လှချင်တာမို့ ဝေဖန်စရာမရှိပါဘူး၊ သို့ပေမယ့် ကြီးချင်ယောင်ဆောင်ထားတဲ့ အတွင်းခံအချို့ဟာ အမျိုးသမီးတွေအတွက် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို ရုပ်သံနဲ့ အတူ လက်တွေ့ပြထားပါတယ်။
 
 
ရုပ်သံမှာ ဝတ်လိုက်ရင် ပစ္စည်းရှိလူတန်းစားလို့ ထင်ရအောင် ဖန်တီးချုပ်လုပ်ထားတဲ့ ဘယာစီယာ အသစ်စက်စက် တစ်ထည်ကို အတွင်းထဲမှာ ဘာတွေထည့်ထားလည်း သိရအောင် စပ်စုပြီး ခွဲကြည့်ခဲ့တာဖြစ်ပါတယ်။
စပ်စုရကျိုးနပ်တယ်လို့ ဆိုရမှာပါ။ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ တာရှည်ခံ ဓာတုဆေးရည်ထည့်ထားတဲ့ ပလပ်စတစ်အိတ်ငယ်လေးတွေ တစ်ဖက်စီကနေ ထွက်လာတာကိုတွေ့ရပါတယ်။
 
 
အမျိုးသမီးတွေအတွက် ဘယာစီယာဟာ အတွင်းပစ္စည်းဖြစ်လို့ ခန္ဓာကိုယ်နဲ့ အနီးကပ်ဆုံး ရင်သားမှာ တစ်နေ့တာအတွက် အချိန်ရှည်ကြာစွာ စည်းနှောင်ထားတဲ့ အရာဖြစ်ပါတယ်၊ ဒီလို ဘယာစီယာထဲက ဆေးရည်တွေဟာ မတော်တဆ တနည်းနည်းနဲ့ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားဖို့ တွေးထားလို့မရတဲ့ အခြေအနေတွေ အများကြီး ရှိနေနိုင်ပါတယ်။
 
 
ဒါကြောင့် ပျိုမေတို့အနေနဲ့ ဘယာစီယာ ဝယ်တဲ့အခါ ဈေးသက်သာတာ တစ်ခုထဲကို အာရုံမစိုက်ပဲ အခုလို အန္ဓရာယ်ရှိတဲ့ ပစ္စည်းမျိုးတွေ မရွေးမိစေဖို့ သေသေချာချာ ဂရုစိုက်ရွေးချယ်ပါလို့ ပိုပိုလေးက မေတ္တာနဲ့ သတိပေးပါရစေ။
 
(ပိုပိုလေး)

 


06 Mar 2019     1,483 Views




RELATED

Most Popular of Health Fix

Most Popular of NEWS