BEC-TERO TV

ယူနိုက်တက် ရရှိခဲ့တဲ့ ပင်နတီဟာ မပေးသင့်ဘူးလို့ ပြောခဲ့တဲ့ မိုက်ကယ် အိုဝင်

07 Mar 2019     1,362 Views


မနေ့က ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကို ၃-၁ ဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ပွဲပြီးခါနီးမှာ ပေးခဲ့ရတဲ့ ပင်နတီကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။ဒါကို ပွဲအစီအစဉ်တင်ဆက် သုံးသပ်ခဲ့တဲ့ ယူနိုက်တတ် တိုက်စစ်မှုး မိုက်ကယ် အိုဝင် ကတော့ နောက်ဆုံး မိနစ် ပင်နယ်တီ ဟာ မပေးသင့်ဘူးလို့ ပြောဆို သွားခဲ့ပါတယ်။

 “’ဒါကို ပင်နတီ လို့အများက ပြောကြပါလိမ့်မယ် ၊ ကျွန်တော်အမြင်တော့ ဒါဟာ ပင်နတီမဟုတ်ပါဘူး ၊ လက်ထိခဲ့တဲ့ ကင်ပန်ဘီ ဟာ ကျောပေးထားတာ ဖြစ်တာကြောင့် တမင်လက်မြှောက်ထားတဲ့ အနေအထားမဟုတ်ပါဘူး ” လို့ ပြောပါတယ်။

“ဒါပေမယ့် ဒိုင်လူကြီး က VAR ကြည့်ဖို့ သွားနေကတည်းက ပင်နယ်တီ ပေးတော့မယ် ဆိုတာ ကျွန်တော် သိလိုက်ပါတယ် ။ VAR ဟာ ဘောလုံးသမား မဟုတ်တဲ့ သူတွေ အမြင်မှာတော့ ပင်နယ်တီပေးသင့် ၊ မပေးသင့် ခွဲခြားတဲ့ အရာပါ ။ ဒါပေမယ့် ဒိုင်တွေ အတွက်တော့ ပင်နယ်တီပေးဖို့ သက်သေတစ်ခု လိုပါပဲ ။ ဒါဟာ ကြီးမားတဲ့ နားလည်မှုလွဲနေခြင်းပါ ။ ဒါက တကယ် စိုးရိမ် စရာပါပဲ” လို့ အိုဝင် က ပြောဆို သွားခဲ့ ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်ကို ၁-၃ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက ပယ်နယ်တီပေးခဲ့ရမှုနှင့်ပတ်သက်ပြီး အလွန်ဆိုးရွားသောဖြစ်ရပ်ဟု ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

 


07 Mar 2019     1,362 Views




RELATED

Most Popular of Football

Most Popular of Sport