BEC-TERO TV

ပီအက်စ်ဂျီ နဲ့ပွဲမှာအသက် ၂၃ နဲ့အောက်ကစားသမား (၇)ဦး အထိအသုံးပြုခဲ့တဲ့ ယူနိုက်တက်

07 Mar 2019     1,361 Views


မနေ့ညက ပီအက်စ်ဂျီအသင်းကို ၁-၃ ဖြင့်အနိုင်ရခဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အသက် ၂၃ နဲ့အောက် ကစားသမား ၇ ဦးအထိအသုံးပြုခဲ့ပါတယ်။ ဟာရဲယား ၊ ပေါ့ဘာ ၊ မာတစ် တို့မပါတဲ့ ဝင်နိုင်တဲ့ ပွဲမှာ ကွင်းလယ်ပိုင်းမှာ လူငယ်ကစားသမား မက်စ်တိုမီနေး နဲ့ ပါရဲ ယားတို့ပါဝင်လာခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာ ပုံမှန်ပွဲထွက်ကစားသမားလေ မားကပ် ရက်ဖိုစ့်က ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ လူငယ်ကစားသမား လုရှော့ နဲ့ စုစုပေါင်း ပွဲထွက်စာရင်းမှာ အသက် ၂၃ နဲ့အောက်ကစားသမား ၄ ဦးအထိပါဝင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၃၆ မိနစ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ ဘိုင်လီနေရာမှာ ဒါလော့ကို ထည့်သွင်းခဲ့ပါတယ်။ ပင်နတီရဖို့အတွက် အဓိက နေရာက ပါဝင်ခဲ့တဲ့ ဒါလော့ ကတော့ အသက် ၁၉ နှစ်သာရှိသေးတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ချောင်နဲ့ ဂရင်းဝုလ် တို့လည်း လူငယ်ကစားသမားတွေဖြစ်ကြပါတယ်။ ဂရင်းဝုလ် ဆိုရင် အသက် ၁၇ နှစ်သာရှိသေးတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲပွဲမှာ အသုံးပြုခဲ့တဲ့ အသက် ၂၃နဲ့ အောက်ကစားသမားများ

Scott McTominay  (age 22 years)

Andreas Pereira (age 23 years)

Luke Shaw (age 23 years)

Marcus Rashford (age 21 years)

Diogo Dalot (age 19 years)

Tahith Chong (age 19 years)

Mason Greenwood  (age 17 years)

 


07 Mar 2019     1,361 Views




RELATED

Most Popular of Football

Most Popular of Sport