BEC-TERO TV

ဥက္ကဌကြီး ပီရက်နဲ့ ပြသာနာ အကြီးအကျယ်တတ်ပြီး အသင်းမှထွက်သွားဖို့ ဖြစ်လာတဲ့ ရာမို့စ်

08 Mar 2019     1,324 Views


ရီးရဲလ်မက်ထရစ် အသင်းဟာ အေဂျက်စ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။   အေဂျက်စ်ကို ရှုံးနိမ့်တဲ့ ပွဲစဉ်အပြီး ရီးရဲ မက်ထရစ် အသင်းရဲ့ ဂယက်တွေဟာ အခုချိန်ထိအောင် ရပ်တန့် သွားခြင်း မရှိသေးပါဘူး။ ဒီနေ့မနက်သတင်းတွေမှာတော့ ပွဲအပြီး အ၀တ်လဲခန်း အတွင်း ပီရက်နဲ့ အသင်းခေါင်းဆောင် ရာမို့စ် တို့ အပြန်အလှန် အချင်းများမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တယ်လို့ အခိုင်အမာ ဖော်ပြနေကြပါတယ်။

ဥက္ကဌကြီး ပီရက်ဟာ အေဂျက်စ်နဲ့ပွဲအပြီးမှာ အဝတ်လဲခန်းသို့ ရောက်ရှိလာပြီး ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်မပြတ်သားမှု ၊ပေးဆပ်လို စိတ်မရှိ မှုတို့ကို ဝေဖန်ပြောကြားခဲ့ပါတယ်။ အဲ့လို့ ပေါက်ကွဲနေတဲ့ ပီရက်ကို အသင်းခေါင်းဆောင် ရာမို့စ် ကပြန်လည်တုံ့ပြန်ခဲ့ပြီး အချေ့အတင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမှာ ရာမို့စ်က အသင်းစီမံခန့်ခွဲမှုအပိုင်းနဲ့ အသင်းမှ ဇီဒန်း ၊ ရော်နယ်ဒို တို့ထွက်ခွာသွားချိန်မှာ တိကျတဲ့ဆုံးဖြတ်ချက် ၊ အကောင်ဆုံး မဆောင်ရွက်နိုင်တာတွေကို ရာမို့စ်က ထောက်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီ စကားကြောင့် ပီရက် နဲ့ အချင်းများမှုတွေဟာ အမြင့်ဆုံး အထိ ရောက်ရှိ သွားခဲ့ပြီး  “ဆုဖလားတွေ အားလုံးလဲ ရယူ ပေးခဲ့ပြီးပြီ ၊ ဒါကြောင့်မို့ ငါ အသင်းကနေ ထွက်သွားတော့မယ်လို့ အခြား ကစားဖော်တွေ ရှေ့မှာ ပြောဆိုသွားခဲ့ တယ်လို့ “  သိရပါတယ်။

ဆက်စပ် သတင်းတွေ အရတော့ ရာမို့စ်ရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်ရှိဖို့ မသေချာတော့ဘူးလို့ ပြောဆိုနေကြပြီး ၊ လက်ရှိ စာချုပ်သက်တမ်းက ၂၀၁၂၁ ခုနှစ် အထိ ရှိနေကာ ၊ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေးက ယူ၇ို သန်း ၂၀၀ သတ်မှတ် ထားတာ ဖြစ်ပါတယ်။အသင်းနည်းပြ ဆိုလာရီကိုလည်း လာမယ့် ဗယ်လာဒိုလစ် နဲ့ပွဲအပြီးမှာ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။


08 Mar 2019     1,324 Views




RELATED

Most Popular of Football

Most Popular of Sport